ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 7 May 2011

၂-၇။ ဘိက္ခုနီသုတ် စသည် (၆) သုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းမသည်၊ သိက္ခမာန်မသည်၊ သာမဏေသည်၊ သာမဏေမသည်၊ ဥပါသကာသည်၊ ဥပါသိကာမသည် ဆောင်ယူချထားသည်နှင့်မခြား အလားတူစွာ ငရဲသို့ ရောက်ရသည်။

ယင်း ၅-မျိုးမှာ -

၁။ သူ့အသက်သတ်သည်။

၂။ ပိုင်ရှင် မပေးသော သူ့ဥစ္စာကို ခိုးယူသည်။

၃။ မေထုန်မှီဝဲသည်။

၎။ မဟုတ်မမှန် ပြောသည်။

၅။ မူးယစ်သေစာ သုံးစွဲသည်။

ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ရဟန်းမသည်၊ သိက္ခမာန်မသည်၊ သာမဏေသည်၊ သာမဏေမသည်၊ ဥပါသကာသည်၊ ဥပါသိကာမသည် ဆောင်ယူချထားသည်နှင့်မခြား အလားတူစွာ နတ်ပြည်သို့ ရောက်ရသည်။

ယင်း ၅-မျိုးမှာ -

၁။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်သည်။

၂။ ပိုင်ရှင် မပေးသော သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သည်။

၃။ မေထုန်မှီဝဲ ခြင်းမှ ရှောင်ကြဉ်သည်။

၎။ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်သည်။

၅။ မူးယစ်သေစာ သုံးစွဲခြင်းမှ ရှောင်ကြဉ်သည်။

သတ္တမသုတ် ပြီး၏။

No comments:

Post a Comment