ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 3 May 2011

၉။ ပထမ မစ္ဆရိယသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသော ကျောင်းထိုင် ရဟန်းသည် ဆောင်ယူချထားသည်နှင့်မခြား အလားတူစွာ ငရဲ၌ ဖြစ်ရသည်။

ယင်း ၅-မျိုးမှာ -

၁။နေရာထိုင်ခင်း၌ နှမြော တွန့်တိုမူ မစ္ဆရိယ ပွါးသည်။

၂။ ဒါယကာတို့၌ နှမြော တွန့်တိုမူ မစ္ဆရိယ ပွါးသည်။

၃။ ပစ္စည်း လာဘ်လာဘ၌ နှမြော တွန့်တိုမူ မစ္ဆရိယပွါးသည်။

၎။ ဂုဏ်, အဆင်း၌ နှမြော တွန့်တိုမူ မစ္စရိယ ပွါးသည်။

၅။ သဒ္ဓါတရားဖြင့် လှူထားသော ပစ္စည်းကို ဖျက်ဆီးသည်။


ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ကျောင်းထိုင် ရဟန်းသည် ဆောင်ယူချထားသည်နှင့် မခြား အလားတူစွာ နတ်ပြည်၌ ဖြစ်ရသည်။

ယင်း ၅-မျိုးမှာ -

၁။ နေရာထိုင်ခင်း၌ နှမြော တွန့်တိုမူ မစ္ဆရိယ မပွါး။

၂။ ဒါယကာတို့၌ နှမြော တွန့်တိုမူ မစ္ဆရိယ မပွါး။

၃။ ပစ္စည်း လာဘ်လာဘ၌ နှမြော တွန့်တိုမူ မစ္ဆရိယ မပွါး။

၎။ ဂုဏ်, အဆင်း၌ နှမြော တွန့်တိုမူ မစ္ဆရိယ မပွါး။

၅။ သဒ္ဓါတရားဖြင့် လှူထားသော ပစ္စည်းကို မဖျက်ဆီး။

ဆောင် - ကျောင်းနှင့် ဒကာ၊ လာဘ်ပါ ဂုဏ် ဆင်း၊ လေးသင်းပေါ်ကို၊ သူ တွန့်တိုကာ၊ လှူလာ ပစ္စည်း၊ ဖျက်ဆီးတတ်သည်၊ ဤငါးလီ၊ ရောက်မည် ငရဲ ကျောင်းထိုင်မွဲ၊ (အန္ဓက ၀ိန္ဒ၀ဂ်၊ မစ္ဆရိနိသုတ်လည်းကြည့်)

န၀မသုတ် ပြီး၏။

No comments:

Post a Comment