ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 6 May 2011

၂-၁၄။ သေနာသနပညာပကသုတ် စသည် (၁၃) သုတ်



ကျောင်းအိပ်ရာ နေရာခင်း ရဟန်းဟု သမုတ်အပ်ကြောင်း တရား ၅-မျိုးမှာ -



ဖော်ပြခဲ့ပြီး ဆန္ဒာဂတိ စသော ၄-ပါး လိုက်ခြင်းနှင့် ခင်းပြီးသည် မခင်းရသေးသည်ကို မသိခြင်းတို့ ဖြစ်သည်။



သမုတ်အပ်ကြောင်း တရား ၅-မျိုးမှာ -



ဖော်ပြခဲ့ပြီး ဆန္ဒာဂတိ စသော ၄-ပါး မလိုက်ခြင်းနှင့် ခင်းပြီးသည် မခင်းရသေးသည်ကို သိခြင်းတို့ ဖြစ်သည်။





ကျောင်းအိပ်ရာ နေရာကို ခံယူတတ်သော ရဟန်းဟု မသမုတ်အပ်ကြောင်း တရား ၅-မျိုးမှာ -



ဖော်ပြခဲ့ပြီး ဆန္ဒာဂတိ စသော ၄-ပါး လိုက်ခြင်းနှင့် ခံယူပြီးသည် မခံယူရသေးသည်ကို မသိခြင်းတို့ ဖြစ်သည်။



သမုတ်အပ်ကြောင်း တရား ၅-မျိုးမှာ -



ဖော်ပြခဲ့ပြီး ဆန္ဒာဂတိ စသော ၄-ပါး မလိုက်ခြင်းနှင့် ခံယူပြီးသည် မခံယူရသေးသည်ကို သိခြင်းတို့ ဖြစ်သည်။



ဘဏ္ဍာထိန်းရဟန်းဟု မသမုတ်အပ်ကြောင်း တရား ၅-မျိုးမှာ -



ဖော်ပြခဲ့ပြီး ဆန္ဒာဂတိ စသော ၄-ပါး လိုက်ခြင်းနှင့် လုံခြုံသည် မလုံခြုံသည်ကို မသိခြင်းတို့ ဖြစ်သည်။



သမုတ်အပ်ကြောင်း တရား ၅-မျိုးမှာ -



ဖော်ပြခဲ့ပြီး ဆန္ဒာဂတိ စသော ၄-ပါး မလိုက်ခြင်းနှင့် လုံခြုံသည် မလုံခြုံသည်ကို သိခြင်းတို့ ဖြစ်သည်။





သင်္ကန်းကို ခံယူတတ်သော ရဟန်းဟု မသမုတ်အပ်ကြောင်း တရား ၅-မျိုးမှာ -



ဖော်ပြခဲ့ပြီး ဆန္ဒာဂတိ စသော ၄-ပါး လိုက်ခြင်းနှင့် ခံယူပြီးသည် မခံယူရသေးသည်ကို မသိခြင်းတို့ ဖြစ်သည်။



သမုတ်အပ်ကြောင်း တရား ၅-မျိုးမှာ -



ဖော်ပြခဲ့ပြီး ဆန္ဒာဂတိ စသော ၄-ပါး မလိုက်ခြင်းနှင့် ခံယူပြီးသည် မခံယူရသေးသည်ကို သိခြင်းတို့ ဖြစ်သည်။





သင်္ကန်းကို ဝေဖန်တတ်သော ရဟန်းဟု မသမုတ်အပ်ကြောင်း တရား ၅-မျိုးမှာ -



ဖော်ပြခဲ့ပြီး ဆန္ဒာဂတိ စသော ၄-ပါး လိုက်ခြင်းနှင့် ဝေဖန်ပြီးသည် မဝေဖန်ရသေးသည်ကို မသိခြင်းတို့ ဖြစ်သည်။



သမုတ်အပ်ကြောင်း တရား ၅-မျိုးမှာ -



ဖော်ပြခဲ့ပြီး ဆန္ဒာဂတိ စသော ၄-ပါး မလိုက်ခြင်းနှင့် ဝေဖန်ပြီးသည် မဝေဖန်ရသေးသည်ကို သိခြင်းတို့ ဖြစ်သည်။



ယာဂုကို ဝေဖန်တတ်သော ရဟန်းဟု မသမုတ်အပ်ကြောင်း၊

သစ်သီးကို ဝေဖန်တတ်သော ရဟန်းဟု မသမုတ်အပ်ကြောင်း၊

ခဲဖွယ်ကို ဝေဖန်တတ်သော ရဟန်းဟု မသမုတ်အပ်ကြောင်း တရား ၅-မျိုးမှာ -



ဖော်ပြခဲ့ပြီး ဆန္ဒာဂတိ စသော ၄-ပါး လိုက်ခြင်းနှင့် ဝေဖန်ပြီးသည် မဝေဖန်ရသေးသည်ကို မသိခြင်းတို့ ဖြစ်သည်။



ယာဂု, သစ်သီး, ခဲဖွယ် ဝေဖန်တတ်သော ရဟန်းဟု သမုတ်အပ်ကြောင်း တရား ၅-မျိုးမှာ -



ဖော်ပြခဲ့ပြီး ဆန္ဒာဂတိ စသော ၄-ပါး မလိုက်ခြင်းနှင့် ဝေဖန်ပြီးသည် မဝေဖန်ရသေးသည်ကို သိခြင်းတို့ ဖြစ်သည်။



အနည်းငယ်သော ၀တ္ထုကို စွန့်တတ်သော ရဟန်းဟူ၍ မသမုတ်အပ်ကြောင်း တရား ၅-မျိုးမှာ -



ဖော်ပြခဲ့ပြီး ဆန္ဒာဂတိ စသော ၄-ပါး လိုက်ခြင်းနှင့် စွန့်အပ်သည် မစွန့်အပ်သည်ကို မသိခြင်းတို့ ဖြစ်သည်။



သမုတ်အပ်ကြောင်း တရား ၅-မျိုးမှာ -



ဖော်ပြခဲ့ပြီး ဆန္ဒာဂတိ စသော ၄-ပါး မလိုက်ခြင်းနှင့် စွန့်အပ်သည် မစွန့်အပ်သည်ကို သိခြင်းတို့ ဖြစ်သည်။





မိုးရေခံ သင်္ကန်း, သပိတ်ကို ခံယူတတ်သော ရဟန်းဟု မသမုတ်အပ်ကြောင်း တရား ၅-မျိုးမှာ -



ဖော်ပြခဲ့ပြီး ဆန္ဒာဂတိ စသော ၄-ပါး လိုက်ခြင်းနှင့် ခံယူပြီးသည် မခံယူရသေးသည်ကို မသိခြင်းတို့ ဖြစ်သည်။



သမုတ်အပ်ကြောင်း တရား ၅-မျိုးမှာ -



ဖော်ပြခဲ့ပြီး ဆန္ဒာဂတိ စသော ၄-ပါး မလိုက်ခြင်းနှင့် ခံယူပြီးသည် မခံယူရသေးသည်ကို သိခြင်းတို့ ဖြစ်သည်။



အရံစောင့်ကို စေခိုင်းတတ်သော ရဟန်းဟု မသမုတ်အပ်ကြောင်း၊

သာမဏေကို စေခိုင်းတတ်သော ရဟန်းဟု မသမုတ်အပ်ကြောင်း၊

သမုတ်အပ်ပြီးသော ရဟန်းကို မစေခိုင်းအပ်ကြောင်း၊

သာမဏေကို စေခိုင်းတတ်သော ရဟန်းမိုက်ဟု သိကြောင်း၊

ကိုယ့်ဂုဏ်ကို ကိုယ် ဖျက်ဆီးရာရောက်ကြောင်း၊



ငရဲသို့ ရောက်ကြောင်း တရား ၅-မျိုးမှာ -



ဖော်ပြခဲ့ပြီး ဆန္ဒာဂတိ စသော ၄-ပါး လိုက်ခြင်းနှင့် စေခိုင်းအပ်သည် မစေခိုင်းအပ်သည်ကို မသိခြင်းတို့ ဖြစ်သည်။



အရံစောင့်ကို စေခိုင်းတတ်သော ရဟန်းဟု သမုတ်အပ်ကြောင်း၊

သာမဏကို စေခိုင်းတတ်သော ရဟန်းဟု သမုတ်အပ်ကြောင်း၊

သမုတ်အပ်ပြီးသော ရဟန်းကို စေခိုင်းအပ်ကြောင်း၊

သာမဏေကို စေခိုင်းတတ်သော ပညာရှိရဟန်းဟု သိကြောင်း၊

ကိုယ့်ဂုဏ်ကို ကိုယ် ထိန်းထားရာရောက်ကြောင်း၊



နတ်ပြည်သို့ ရောက်ကြောင်း တရား ၅-မျိုးမှာ -



ဖော်ပြခဲ့ပြီး ဆန္ဒာဂတိ စသော ၄-ပါး မလိုက်ခြင်းနှင့် စေခိုင်းအပ်သည် မစေခိုင်းအပ်သည်ကို သိခြင်းတို့ ဖြစ်သည်။



၁၄-ခုမြောက် သုတ် ပြီး၏။



သမ္မုတိပေယျာလ ပြီးပြီ။

No comments:

Post a Comment