ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 4 May 2011

၂၅။ ဒုစ္စရိတ၀ဂ် (ဒုစရိုက်နှင့် ပတ်သက်သည့် သုတ်ပါသော အခန်း)


၁။ ပထမ ဒုစ္စရိတသုတ်

ရဟန်းတို့ ! ဒုစရိုက်ရှိသူ၏ အပြစ် ၅-မျိုးဟူသည်မှာ -

၁။ မိမိကုယ်တိုင်လည်း မိမိကိုယ်ကို စွပ်စွဲသည်။
(စသည်ဖြင့် အက္ကောသက၀ဂ်၊ ပထမ အပါသာဒိကသုတ်နှင့် တူသည်)

သုစရိုက်ရှိသူ၏ အကျိုး ၅-မျိုးဟူသည်မှာ -

၁။ မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို မစွပ်စွဲ။
(စသည်ဖြင့် အက္ကောသက၀ဂ်၊ ပထမ အပါသာဒိကသုတ်နှင့် တူသည်)

ဆောင် - ကိုယ်ကိုယ်ကိုသာ၊ စွပ်စွဲကာနှင့် ပညာရှိ ကဲ့ရဲ့၊ ထွက်တဲ့ မကောင်းသတင်း၊ သေလျင်း တွေဝေ၊ ငရဲပြည်လား၊ ပြစ်ငါးပါး၊ ရငြား ဒုစရိုက်ရှိသူမှာ။

ပထမသုတ် ပြီး၏။

(ထို့အတူ - ၂။ ပထမ ကာယဒုစ္စရိတသုတ်, ၃။ ပထမ ၀စီဒုစ္စရိတသုတ်, ၄။ ပထမ မနောဒုစ္စရိတသုတ်ကိုလည်း သိလေ။)

No comments:

Post a Comment