ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 1 May 2011

၃။ သောဘနသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသည့် ကျောင်းထိုင် ရဟန်းသည် ကျောင်းကို တင့်တယ်စေ နိုင်သည်။

ယင်း ၅-မျိုးမှာ -

၁။ သီလရှိသည်။

၂။ ဗဟုသုတရှိသည်။

၃။ ကောင်းသော စကားရှိသည်။

၎။ ချဉ်းကပ်ရောက်လာသော သူတို့ကို တရားစကားဖြင့် သိမြင်စေရန်, ဆောက်တည် ကျင့်သုံးစေရန်, ထက်သန်စေရန်, ရွှင်လန်းစေရန် စွမ်းဆောင်နိုင်သည်။

၅။ ရူပါဝစရ ဈာန် ၄-ပါး တို့ကို မငြိုမငြင် မပင်မပန်း အလိုရှိတိုင်း ရသည်။
(၁။ ၂။ ၃။ ၅-တို့၏ အကျယ်ကို ထေရ၀ဂ်၊ သီလ၀န္တသုတ်အတိုင်း သိလေ)

ဆောင် - သီလလည်းရှိ၊ ကြားမြင်ရှိ၍၊ ကောင်းသည့် စကား၊ ရောက်လာသူအား၊ ကျိုးများစေတတ်၊ ဈာန်လေးရပ်ပိုင်၊ ထိုကျောင်းထိုင်၊ ဖြိုင်ဖြိုင် တင့်တယ်စေ။

တတိယသုတ် ပြီး၏။

No comments:

Post a Comment