ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 4 May 2011

၅။ ဒုတိယ ဒုစ္စရိတသုတ်


ရဟန်းတို့ ! ဒုစရိုက်ရှိသူ၏ အပြစ် ၅-မျိုးဟူသည်မှာ -

၁။ မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို စွပ်စွဲသည်။

၂။ ပညာရှိတို့ကလည်း ဉာဏ်ဖြင့် စိစစ်၍ ကဲ့ရဲ့ကြသည်။

၃။ မကောင်းသတင်း ထွက်သည်။

၎။ ကုသလ ကမ္မပထတရား ၁၀-ပါးဟူသော သူတော်ကောင်းတရားမှ ကင်းသည်။

၅။ အကုသလ ကမ္မပထတရား ၁၀-ပါးဟူသော မသူတော်တရား၌ တည်သည်။


သုစရိုက်ရှိသူ၏ အကျိုး ၅-မျိုးဟူသည်မှာ -

၁။ မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို မစွပ်စွဲ။

၂။ ပညာရှိတို့ကလည်း ဉာဏ်ဖြင့် စိစစ်၍ ချီးမွမ်းကြသည်။

၃။ ကောင်းသတင်း ထွက်သည်။

၎။ မသူတော်တရားမှတရားမှ ကင်းသည်။

၅။ သူတော်ကောင်းတရား၌ တည်သည်။
ဆောင် - ကိုယ့်ကိုကိုသာ၊ စွပ်စွဲကာနှင့်၊ ပညာရှိ ကဲ့ရဲ့၊ ထွက်တဲ့ မကောင်းသတင်း၊ ကင်းငြားတုံလတ်၊ သူမြတ် တရား၊ မတရား၌ တည်၊ ဤငါးလီ၊ ရသည့် ဒုစရိုက်ရှိသူမှာ။

ပဉ္စမသုတ် ပြီး၏။

(တို့အတူ - ၆။ ဒုတိယ ကာယဒုစ္စရိတသုတ်, ၇။ ဒုတိယ ၀စီဒုစ္စရိတသုတ်, ၈။ ဒုတိယ မနောဒုစ္စရိတသုတ်တို့ကိုလည်း သိလေ)

No comments:

Post a Comment