ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 16 May 2011

ဣတ္ထိဝိမာနဆိုင်ရာ မှတ်သားဖွယ်ရာ


အထက်ပါ ကာက်နုတ်ချက်အချို့မှာ ၀ိမာန၀တ္ထုပါဠိတော် ဣတ္ထိဝိမာနအပိုင်းမှ အချို့သော သိမှတ်ဖွယ်ရာများကို အဋ္ဌကထာမှ ထုတ်နုတ်ဖော်ပြလိုက်ခြင်းပင် ဖြစ်ပေသည်၊ ထိုမှတပါး ထုတ်နုတ်၍ ပြသင့်သော ၀တ္ထုကြောင်းများစွာ ရှိသေးသော်လည်း ပါဠိတော် ဘာသာပြန်များကို ဖတ်ရူရုံမျှဖြင့် အဓိပ္ပါယ်ပေါ်နိုင်သဖြင့် လျစ်လျူရူလိုက်ပေသည်၊ သို့သော် ဤ၀ိမာန၀တ္ထုဘာသာပြန်၌ ပါဝင်သော ဂုတ္တိလ၀ိမာန၀တ္ထုနှင့် ပတ်သက်၍ကား အနည်းငယ် ရှင်းလင်းပြသင့်သဖြင့် အောက်ပါအချက်ကို မှတ်သားထားသင့်ပေသည်။

ဤ၀ိမာန၀တ္ထု ဘာသာပြန် စာကိုယ်တွင် ဂုတ္တိလ၀ိမာနဟူသော အမည်ဖြင့် ၀တ္ထုပေါင်း ၃၆-၀တ္ထုပါရှိလေသည်၊ ၎င်းဝတ္ထုများမှာလည်း အခြား ၀ိမာန၀တ္ထုများကဲ့သို့ပင် အသျှင်မဟာမောဂ္ဂလ္လာန် မထေရ်မြတ်သည် နတ်ပြည်မှမေးမြန်းစုံစမ်းခဲ့ပြီး မြတ်စွာဘုရားအား လျှောက်ထားခဲ့သော ၀တ္ထုများ ဖြစ်လေသည်၊ ထိုအခါ မြတ်စွာဘုရားက ထို ၃၆-၀တ္ထုဆိုင်ရာ၌ အသျှင် မဟာမောဂ္ဂလ္လာန်အား ချစ်သား မောဂ္ဂလ္လာန် ထိုနတ်သမီးတို့သည် သင်နှင့်သာလျှင် ဤသို့ သက်သက် ဖြေကြားခဲ့ဘူးသည်မဟုတ်၊ စင်စစ် ရှေးက ငါနှင့်လည်း ဤအတူ မေးမြန်း ဖြေကြားဘူးလေပြီဟု မိန့်ကြားတော်မူပြီး ဂုတ္တိလဇာတ် ၁ ကို ပြန်လည်ဟောကြားတော်မူခဲ့လေသည်။

ထိုဂုတ္တိလဇာတ်မှာ ဇာတ်ပါဠိတော် ဒုကနိပါတ်၌ ပါရှိ၏၊ ဘုရားအလောင်းတော်သည် ဂုတ္တိလမည်သော စောင်းသမားဖြစ်၍ တပည့်ဖြစ်သော ဒေ၀ဒတ်အလောင်း မုသိလစောင်းသမားက စောင်းတီးပြိုင်ရန် ချိန်းဆိုပုံ ဘုရားလောင်ဂုတ္တိသည် အရွယ်ကြီးပြီဖြစ်၍ ရူံးမည်ဟုထင်သဖြင့် တောသို့ ထွက်ပြေးရာ သိကြားမင်းက သင်ပင်နိုင်မည်ဟုပြောပြီး စောင်းကြိုးခုနှစ်ချောင်းကို တချောင်းစီတချောင်းစီဖြတ်၍ တီးစေရာ မုသိလက ထို့အတူလိုက်တီး၍ မုသိလရူံးပုံများနှင့် နောင်တွင် ဂုတ္တိလအား တာဝတိံသာနတ်ပြည်သို့ ခေါ်ဆောင်သွားပြီး နတ်သမီးများနှင့်တွေ့ဆုံစေရာ ဤ၀ိမာန၀တ္ထုလာ ဂါထာများအတိုင်း နတ်သမီး ၃၆ဦးက ဖြေကြားပုံတို့ကို ဒုကနိပါတ် ဂုတ္တိလဇာတ်တွင် ဖော်ပြထား၏၊ ဤဂုတ္တိလ၀ိမာန၏ အစဖြစ်သော နှစ်ဂါထာ(၃၂၇နှင့် ၃၂၈) မှာ ထိုဒုကနိပါတ်မှ သိကြားမင်းနှင့် ဂုတ္တိလတို့ ပြောကြားပုံများပင် ဖြစ်လေသည်။

သို့ဖြစ်၍ ဤ၀ိမာန၀တ္ထု ၃၆-၀တ္ထုလာ နတ်သမီး ၃၆-ဦးမှာ ဘုရားလောင်းနုစဉ် ဂုတ္တိလ စောင်းဆရာဘ၀က တွေ့ဆုံခဲ့သော နတ်သမီးများပင် ဖြစ်ကြောင်း၊ သို့သော်လည်း နှစ်ပေါင်း အသင်္ချေလွန်လေပြီဖြစ်သဖြင့် ဂုတ္တိလဘ၀က တွေ့ရသော နတ်ဘ၀မဟုတ်တော့ဘဲ အကြိမ်ကြိမ်စုတေ၍ ကောင်းမူကံအလျောက် ကုသိုလ်ကံမကုန်မခြင်း ဤဘုံ ဤဗိမာန်၌ပင် ထပ်၍ထပ်၍ ဖြစ်နေကြရကြောင်းကို မှတ်သားထားသင့်ကြပေ၏။

ဣတ္ထိဝိမာန အပိုင်းနှင့်ပတ်သက်၍ကား ဤမျှ မှတ်သားမိလျှင်ပင် စာကိုယ်ကိုဖတ်၍ အရသာပေါ်လောက်ပြီဖြစ်ရာ ပုရိသ၀ိမာနအပိုင်း၌ မှတ်သားဖွယ်ရာများကို အနည်းငယ်မျှ ဆက်လက်ဖော်ပြပါဦးမည်။

No comments:

Post a Comment