ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 17 May 2011

ပြိတ္တာလေးမျိုး ပြဆိုချက်


၎င်းပြိတ္တာတို့ကို သံဂါယနာဝင် အဌကထာ ဋီကာကျမ်းကြီးတို့၌ ဖော်ပြထားသည့်အတိုင်း ရသင့်သမျှ အမျိုးအမည်အတန်းအစား ခွဲခြားပြဆိုရပါမူ လေးမျိုးလေးစားရှိနိုင်လေသည်။

ထိုလေးမျိုးတို့ကား -

(၁) ပရဒတ္တူပဇိဝိကပြိတ္တာ

(၂) ခုပ္ပိပါသိကပြိတ္တာ

(၃) နိဇ္ဈာမတဏှိကပြိတ္တာနှင့်

(၄) ကာလကဉ္စိကပြိတ္တာဟူ၍ လေးမျိုးတို့တည်း။

ထိုလေးမျိုးတို့တွင် -

(၁) သူတပါးတို့ ပေးအပ်သောအစာကို အမှီပြု၍ အသက်ရှင်ရသော ပြိတ္တာသည် ပရဒတ္ထူပဇီဝိကပြိတ္တာ မည်၏။

(၂) ထမင်းငတ်ခြင်း ရေမွတ်သိပ်ခြင်းဖြင့် မပြတ်အနှိပ်စက်ခံနေရသော ပြိတ္တာသည် ခုပ္ပိ ပါသိကပြိတ္တာ မည်၏။

(၃) အမြဲအကြွင်းမဲ့ လောင်ကျွမ်းခံနေရသဖြင့် ပူပန်ခြင်းရှိသော ပြိတ္တာသည် နိဇ္ဈာမတဏှိကပြိတ္တာ မည်၏။

(၄) အသုရကာယ်ဟု အသီးအခြားခေါ်ဝေါ်အပ်သော ပြိတ္တာအသုရကာယ်သည် ကာလကဉ္စိပြိတ္တာ မည်၏။

ဤပြိတ္တာလေးမျိုး၌ -

ပရဒတ္တူ ပဇီဝိကပြိတ္တာမျိုးမှာ လူ့ဘ၀ရှိဆွေမျိုးဉာတကာစသည်တို့က ရည်ညွှန်းလှူဒါန်းသည်ကို ၀မ်းမြောက်နုမော် သာဓုခေါ်နိုင်လျှင် စားဖွယ်သောက်ဖွယ် စသည်ကို ရရှိနိုင်လေသည်၊ ပေတ၀တ္ထုတွင် များသောအားဖြင့် ဤပရဒတ္တူပဇီဝိက အမျိုးအစားဝင်ပြိတ္တာများသာ ဖြစ်သည်။

ခုပ္ပိပါသိက ပြိတ္တာအမျိုးအစားမှာမူ အနည်းငယ်မျှသာ ပါရှိ၏၊

နိဇ္ဈာမတဏှိက ပြိတ္တာမျိုးမူကား မပါရှိပေ။

ကာလကဉ္စိကပြိတ္တာဟူသည်ကား ပြိတ္တာဟူ၍သာ အမည်တပ်ထားသော်လည်း အသုရကာယ်မျိုးအဖြစ်သာ ထင်ရှားလေသည်။

ထိုကာလကဉ္စိက အသုရာအကြောင်းကို “ထိုကာလကဉ္စိက အသုရာတို့၌ အတ္တဘောသည် သုံးဂါဝုတ်မျှ ပမာဏရှိသောဟူ၏၊ နည်းသော အသားအသွေးရှိ၏၊ အရိုးအရေမျှသာရှိသည်အဖြစ်ကြောင့် ဖက်ရွက်ခြောက်ကဲ့သို့သော ကိုယ်ရှိ၏၊ ပုဇွန်တို့ကဲ့သို့ မျက်စိတို့သည်ထွက်၍ ဦးခေါင်း၌ တည်ကုန်၏၊ ခံတွင်းသည် အပ်နဖါးပေါက်နှင့်တူ၏၊ ဦးခေါင်း၌သာလျှင်ဖြစ်၏၊ ထို့ကြောင့် ထိုကာလကဉ္စိကအသုရာ တို့သည် အောက်သို့ ညွှတ်ကုန်း၍ အစာကို ယူကုန်၏” ဟု ပါထိကအဋ္ဌကထာ ၁တွင် ဆိုပြထားလေသည်။

အထူးမှတ်သားဖွယ်တရပ်ကား နိယတဗျာဒိတ်ခံယူပြီးသော ဘုရားအလောင်းတော်တို့သည် ခုပ္ပိပါသိကပြိတ္တာမျိုး နိဇ္ဈာမတဏှိကပြိတ္တာမျိုးနှင့် ကာလကဉ္စိကပြိတ္တာ အသုရာမျိုး၌ မဖြစ်ဟု အပဒါန် သုတ္တနိပါတ်ဗုဒ္ဓ၀င်နှင့် စရိယာပိဋကဋ္ဌကထာ ၂ တို့၌ အဆိုရှိပေရာ ပရဒတ္တူပဇီဝိကပြိတ္တာမျိုးကာ ဖြစ်နိုင်သေး၏ဟု မှတ်သားသင့်ပေသည်။


No comments:

Post a Comment