ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 1 February 2011

မျက်မှောက်ခေတ် ဗုဒ္ဓသာသနာတော်

ယခုအချိန်တွင်မူ နိုင်ငံတော်အစိုးရနှင့် ပြည်သူအများ၏ အားကြိုးမာန်တက် ဆောင်ရွက်မူ၊ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီး ဦးဆောင်သော သံဃာတော်အရှင်မြတ်များ၏ သာသနာတော်အတွက် အလေးအနက် ဆောင်ရွက်မူတို့ကြောင့် ထေရ၀ါဒ ဗုဒ္ဓသာသနာတော်သည် ယခင် ခေတ်များနှင့်မတူ တမူထူးခြား၍ မြင့်မားသော အရှိန်အဟုန်ဖြင့် ပရိယတ် ပဋိပတ်ဘက်စုံ တိုးတက်လာသည်။ စေတီ ကျောင်း ကန် တန်ဆောင် ဇရပ် ပြသာဒ်မျိုးစုံတို့သည် သစ်လွင်တောက်ပ ခမ်းနား ၀င့်ကြွားစွာ တိုးတက်လာသည်။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများနှင့် စာသင်တိုက်ကြီးများလည်း တိုးတက်လာသည်။ တိပိဋကဓရ သာသနာ့ အာဇာနည် ပုဂ္ဂိုလ်မြတ်များနှင့် ပိဋကစာပေပညာရှင်များ မြောက်များစွာ ထွန်းကားလာသည်။ တောင်တန်းနယ်စပ်များပါမကျန် သာသနာတော် ထွန်းလင်းစေရန် အားထုတ်ကြသည်။ ပြည်ပနိုင်ငံများသို့လည်း ထေရ၀ါဒဗုဒ္ဓသာသနာတော် ပြန့်ပွားရန် ကြိုးပမ်းလျှက်ရှိကြသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်၏ သာသနာတော်သည် ရှေးကထက် ပို၍ သန့်ရှင်း တည်တံ့ပြန့်ပွားလျှက်ရှိပေသည်။

ထေရ၀ါဒ ဗုဒ္ဓသာသနာတော်၏ အဆုံးအမအောက်တွင် ထေရ၀ါဒအသိအမြင်၊ ထေရ၀ါဒယဉ်ကျေးမူဖြင့် အစဉ်တစိုက် ငြိမ်းချမ်းစွာ ရပ်တည်လာခဲ့ကြသော ယနေ့မြန်မာနိုင်ငံသူ နိုင်ငံသား ဗုဒ္ဓဘာသာဝင် သူတော်ကောင်းများသည်လည်း ဘုရားရှင်သာသနာတော်နှင့် ဖွားဘက်တော် လူမျိုးများဖြစ်ကြသည်ကို ဂုဏ်ယူကာ သာသနာတော်အတွက် မိမိတို့တက်နိုင်သည့်ဘက်က ဆက်လက်ပြန့်ပွား ထွန်းကားအောင် အားထုတ်ကြိုးပမ်းကြရာ၏။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အထက်တန်း) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment