ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 17 February 2011

၂။ ဗလ၀ဂ်(အားဗလကို ပြသည့် သုတ်ပါသော အခန်း)


၁။ အနနုဿုတသုတ်

ရဟန်းတို့ ! ရှေးက မကြားဖူးသေးသော သစ္စာ ၄-ပါး တရားတို့၌ ထူးသောဉာဏ်ဖြင့် ငါဘုရားသိလိုက်ခြင်းကြောင့် အပြီးအဆုံး တဖက်ကမ်းသို့ ရောက်ပြီဟု ငါဝန်ခံတော်မူသည်။

မြင့်မြတ်သော ဘုရားအဖြစ်ကို ၀န်ခံကြောင်းလည်းဖြစ်၊ ပရိသတ်တို့၌ ရဲရင့်သော စကားသံကို မြွတ်ဆိုကြောင်း၊ မြတ်သော တရားစကြာကို လည်စေကြောင်းများလည်း ဖြစ်သော ငါဘုရားအားတော်တို့သည် ဆိုလတံ့သော ၅-မျိုးတည်း။

ယင်း ၅-မျိုးမှာ -

၁။ သဒ္ဓါ, ၂။ ဟိရီ, ၃။ သြတ္တပ္ပ, ၄။ ၀ီရိယ, ၅။ ပညာ တို့တည်း။

ဆောင် - ဗလငါးဖြာ၊ ရှိသည့်တာကြောင့်၊ မြတ်စွာဗုဒ္ဓ၊ ဘုရားအဖြစ်၊ ၀န်ခံလစ်ကာ၊ ရဲစွာ မိန့်ကြား၊ တရားစကြာ၊ လည်စေပါ၏။

ပထမသုတ် ပြီး၏။

No comments:

Post a Comment