ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 1 February 2011

စတုတ္ထသံဂါယနာခေတ်နှင့် မြန်မာ့သာသနာ

သီဟိုဠ်နိုင်ငံ၌ ဒုဋ္ဌဂါမဏိမင်းကြီးသည် သာသနာတော်နှစ် ၃၇၇-ခုနှစ်၌ နန်းတက်၏။ လောဟပါသာဒ ကြေးပြသာဒ်ကျောင်းတော်ကြီး၊ မရိစိဝဋ္ဋစေတီတော်နှင့် ကျောင်းတိုက်ကြီး၊ မဟာစေတီတော်ကြီးတို့ကို ဆောက်လုပ်လှူဒါန်း၏။ သာသနာတော်အတွက် အသပြာ ကုဋေတစ်ထောင် လှူဒါန်းခဲ့သော သာသနာပြုမင်းကြီး ဖြစ်သည်။ သီဟိုဠ် ထေရ၀ါဒ ဗုဒ္ဓသာသနာ အလွန်ထွန်းကားသောခေတ် ဖြစ်၏။ မြန်မာနိုင်ငံ သုဝဏ္ဏဘူမိ သထုံပြည် ကေလာသတောင် ကျောင်းတိုက်ကြီးမှ အရိယာသံဃာတော်ပေါင်း ခြောက်သောင်းမျှ မဟာစေတီ အုတ်မြစ်ချပွဲသို့ ကောင်းကင်မှ ကြွတော်မူကြကြောင်း မှတ်တမ်းတင်ခဲ့သည်။ သုဝဏ္ဏဘူမိနှင့် သီဟိုဠ်တို့သည် ထေရ၀ါဒ သာသနာနိုင်ငံများဖြစ်ကြ၍ ယခုကဲ့သို့ ဆက်သွယ်ကြောင်း ထင်ရှားသည်။

သာသနာတော်နှစ် ၄၅၀-ခုနှစ်တွင် ပိဋကစာပေများကို ပေထက်အက္ခရာတင်ကာ စတုတ္ထသံဂါယနာတင်၍ ဆောင်ရွက်တော်မူခဲ့ကြသည်။ အကြိမ် ၁၀၀-တိုင်တိုင် သုတ်သင်တည်းဖြတ်၍ သန့်စင်အောင် အားထုတ်ခဲ့ကြကုန်၏။ သာသနာတော်နှစ် ၉၃၀ တွင် အရှင်မဟာဗုဒ္ဓဃောသမထေရ်သည် ဣန္ဒိယတောင်ပိုင်းမှ သီဟိုဠ်သို့ ကူး၍ သီဟိုဠ်ဘာသာ အဋ္ဌကထာများကို မဂဓဘာသာပြန်ဆို၍ အဖွင့်အဋ္ဌကထာသစ်များ ရေးသားခဲ့သည်။ မြန်မာနိုင်ငံ၌လည်း၊ ဒေသအလိုက် သာသနာတော် ထွန်းကားလျှက်ရှိသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဋ္ဌာနမှ ထုတ်ဝေသော ဗုဒ္ဓဘာသာတရားတော်များ အထက်တန်းအဆင့်စာအုပ်မှ ထုတ်နုတ်ဖော်ပြပေးထားပါသည်။


1 comment:

  1. တောရွာလေးကို လာလည်ပါတယ်
    ရွာလေးက အရမ်းလှတယ်
    ရွာထဲက ကွမ်းတော်ကိုင်လေးတွေလည်းလှတယ်
    ဘာသာရေးကိုင်းရှိုင်းတော့ ပိုတောင်ကျရေရှပြီး ပိုတောင်လှနေသေးတယ် အားပေးနေပါတယ်
    ဦးဇင်းဆီလည်းလာလည်ပါ ရွာလေးကမလှသေးဘူး အခုမှပြင်တုန်း ရွာလိပ်စာက www.shwekanma.blogspot.com

    ReplyDelete