ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 17 February 2011

၂။ ကူဋသုတ်


ရဟန်းတို့ ! သေက္ခပုဂ္ဂိုလ်၏ အား ၅-မျိုးမှာ -

၁။ သဒ္ဓါ, ၂။ ဟိရီ, ၃။ သြတ္တပ္ပ, ၄။ ၀ီရိယ, ၅။ ပညာ တို့တည်း။

ဤ ၅-မျိုးတွင် ပညာအားသည် အမြတ်ဆုံး ဖြစ်သည်၊ ကျန်အားတို့ကို သိမ်းယူနိုင်သည်၊ ပေါင်းစုနိုင်သည်။


ဥပမာ -

အထွက်ရှိသော အိမ်တွင် အထွတ်သည် အမြင့်ဆုံးဖြစ်သကဲ့သို့၊ အခြင်ရနယ်အားလုံးကို သိမ်းယူနိုင်သကဲ့သို့ ပေါင်းစုနိုင်သကဲ့သို့တည်း။

ထို့ကြောင့် ဤသာသနာတော်၌ “အဆိုပါ ခွန်အား ၅-မျိုးနှင့် ပြည့်စုံအောင် ကျင့်မည်” ဟူသော ခံယူချက်ဖြင့် သင်တို့ ကျင့်ရမည်။

ဒုတိယသုတ် ပြီး၏။

No comments:

Post a Comment