ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 22 February 2011

၇။ ဘောဇနသုတ်


ရဟန်းတို့ ! ဘောဇဉ်ကို ပေးလှူသူသည် အလှူခံပုဂ္ဂိုလ်တို့အား-

အသက်, အဆင်း, ချမ်းသာ, ခွန်အား, ပညာ ဟူသော အရာဌာန ၅-မျိုးတို့ကို ပေးလှူသည် မည်သည်။

ယင်းသို့ ပေးလှူရာ၌ -

၁။ အသက်ကို ပေးလှူရာရောက်သောကြောင့်

ပေးလှူသူအတွက် လူ, နတ်ဆိုင်ရာ အသက်ရှည်ဖို့ ဖြစ်သည်။

၂။ အဆင်းကို ပေးလှူရာရောက်သောကြောင့်

ပေးလှူသူအတွက် လူ, နတ်ဆိုင်ရာ အဆင်းလှဖို့ ဖြစ်သည်။

၃။ ချမ်းသာကို ပေးလှူရာရောက်သောကြောင့်

ပေးလှူသူအတွက် လူ, နတ်ဆိုင်ရာ ချမ်းသာဖို့ ဖြစ်သည်။

၎။ ခွန်အားကို ပေးလှူရာရောက်သောကြောင့်

ပေးလှူသူအတွက် လူ, နတ်ဆိုင်ရာ ခွန်အားကြီးဖို့ ဖြစ်သည်။

၅။ ပညာကို ပေးလှူရာရောက်သောကြောင့်

ပေးလှူသူအတွက် လူ, နတ်ဆိုင်ရာ ပညာရှိဖို့ ဖြစ်သည်။


ဆောင် - ဘောဇဉ်လှူငြား၊ လှူခံများတွက်၊ သက်ရှည်, ဆင်းလှ၊ ချမ်းသာရနှင့်၊ ဗလ, ပညာ၊ ငါးဖြာ အလှူ၊ အကျိုးမူ၊ မှတ်ယူ ယင်းငါးပါး။

သတ္တမသုတ် ပြီး၏။

No comments:

Post a Comment