ကဲ့ရဲ့ဖွယ် အကြောင်း ၅-မျိုး
ရဟန်းတို့ ! သိက္ခာချပြီး လူထွက်သွားသော ရဟန်း/ရဟန်းမ မည်သူမဆိုထံသို့ ယခုဘ၀၌ပင် ပြောဆို ကဲ့ရဲ့ဖွယ် အကြောင်း ၅-မျိုး ရောက်လာတတ်ကြသည်။
ယင်း ၅-မျိုးမှာ -
ကုသိုလ်တရားတို့၌ -
၁။ သဒ္ဓါ မည်သည်လည်း သင့်မှာ မရှိခဲ့။
၂။ ဟိရီ မည်သည်လည်း သင့်မှာ မရှိခဲ့။
၃။ သြတ္တပ္ပ မည်သည်လည်း သင့်မှာ မရှိခဲ့။
၎။ ၀ီရိယ မည်သည်လည်း သင့်မှာ မရှိခဲ့။
၅။ ပညာ မည်သည်လည်း သင့်မှာ မရှိခဲ့။
ချီးကျူးဖွယ် အကြောင်း ၅-မျိုး
ရဟန်း/ရဟန်းမ မည်သူမဆို ကိုယ်ရောစိတ်ပါ ဆင်းရဲစွာ မျက်ရည်ထွက် ငိုရလောက်အောင်ပင် မြတ်သော အကျင့်ကို ပြည့်စုံ, စင်ကြယ်အောင် ကျင့်သုံးသူထံသို့ ယခုဘ၀၌ပင် ချီးကျူးဖွယ် အကြောင်း ၅-မျိုးတို့ ရောက်လာတတ်ကြသည်။
ယင်း ၅-မျိုးမှာ -
ကုသိုလ်တရား၌ -
၁။ သဒ္ဓါ မည်သည်လည်း သင့်မှာ ရှိပေသည်။
၂။ ဟိရီ မည်သည်လည်း သင့်မှာ ရှိပေသည်။
၃။ သြတ္တပ္ပ မည်သည်လည်း သင့်မှာ ရှိပေသည်။
၎။ ၀ီရိယ မည်သည်လည်း သင့်မှာ ရှိပေသည်။
၅။ ပညာ မည်သည်လည်း သင့်မှာ ရှိပေသည်။
ပဉ္စမသုတ် ပြီး၏။

Thursday, 17 February 2011
၅။ သိက္ခာသုတ်
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓသုတ်တော်များ(မြန်မာပြန်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment