ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 17 February 2011

၆။ သမာပတ္တိသုတ်



ရဟန်းတို့ ! ကုသိုလ်တရားတို့၌ -



၁။ သဒ္ဓါ တည်နေသမျှ ကာလပတ်လုံး အကုသိုလ် မဖြစ်ပေါ်နိုင်၊ သဒ္ဓါပျောက်ကွယ်၍ မယုံကြည်မူ မြှေးယှက်လာသော အခါမှာတော့ အကုသိုလ် ဖြစ်ပေါ်လာတတ်သည်။



၂။ ဟိရီ တည်နေသမျှ ကာလပတ်လုံး အကုသိုလ် မဖြစ်ပေါ်နိုင်၊ ဟိရီပျောက်ကွယ်၍ အဟိရိက မြှေးယှက်လာသော အခါမှာတော့ အကုသိုလ် ဖြစ်ပေါ်လာတတ်သည်။



၃။ သြတ္တပ္ပ တည်နေသမျှ ကာလပတ်လုံး အကုသိုလ် မဖြစ်ပေါ်နိုင်၊ သြတ္တပ္ပပျောက်ကွယ်၍ အနောတ္တပ္ပ မြှေးယှက်လာသော အခါမှာတော့ အကုသိုလ် ဖြစ်ပေါ်လာတတ်သည်။



၎။ ၀ီရိယ တည်နေသမျှ ကာလပတ်လုံး အကုသိုလ် မဖြစ်ပေါ်နိုင်၊ ၀ီရိယပျောက်ကွယ်၍ ပျင်းရိမူ မြှေးယှက်လာသော အခါမှာတော့ အကုသိုလ် ဖြစ်ပေါ်လာတတ်သည်။



၅။ ပညာ တည်နေသမျှ ကာလပတ်လုံး အကုသိုလ် မဖြစ်ပေါ်နိုင်၊ ပညာပျောက်ကွယ်၍ မောဟ မြှေးယှက်လာသော အခါမှာတော့ အကုသိုလ် ဖြစ်ပေါ်လာတတ်သည်။



(အဟိရိက - မရှက်မူ၊ အနောတ္တပ္ပ - မကြောက်လန့်မူ၊ မောဟ - အမှန်မသိမူ)





ဆောင် - ကိုယ်ခံအင်အား၊ ရှိနေငြားလျှင်၊ မ၀င် အကုသိုလ်၊ ထိုသည့် ကိုယ်ခံ၊ မရှိပြန်၊ အမှန် အကုဝင်။



ဆဋ္ဌမသုတ် ပြီး၏။






No comments:

Post a Comment