ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 22 February 2011

၅။ ဒါနာနိသံသသုတ်


ရဟန်းတို့ ! အလှူပေးခြင်း၌ အကျိုးအာနိသင် ၅-မျိုးမှာ -

၁။ လူအများ ချစ်ခင်မြတ်နိုးကြသည်။

၂။ ငြိမ်သက်သည့် စိတ်နှလုံသားပိုင်ရှင် သူတော်ကောင်းတို့၏ ချဉ်းကပ်ခြင်းခံရသည်။

၃။ ဂုဏ်သတင်းကောင်း ထွက်သည်။

၎။ လူ့ကျင့်ဝတ်တရားနှင့် ပြည့်စုံသည်။

၅။ ခန္ဓာပျက်ကြွေ သေပြီးနောက် သုဂတိဘုံဘ၀ နတ်ပြည်လောကသို့ ရောက်ရသည်။

ဤသို့ မိန့်တော်မူပြီး ပါဠိကဗျာ ဂါထာဖြင့် မိန့်တော်မူပြန်သည်မှာ -

သူတော်ကောင်းကြီးတို့၏ တရားလမ်းစဉ်ကို အစဉ်လိုက်နာသည့် ပေးလှူသူကို ချစ်ခင်ကြသည်၊ သူတော်ကောင်းတို့သည် သူ့ထံ အမြဲတမ်း ချဉ်းကပ်ကြသည်။

သူတော်ကောင်းတို့သည် ပေးလှူသူအား ဆင်းရဲဒုက္ခဟူသမျှကို ဖျက်ဆီးနိုင်သည့် မြတ်သာ တရားကို ဟောကြားကြသည်၊ အလှူရှင်သည် ဤဘ၀၌ပင် ယင်းတရားကို သိ၍ ရဟန္တာဖြစ်လျက် ပရိနိဗ္ဗာန်ပြုရလေသည်။

ဆောင် - အများချစ်ခင်၊ သူတော်စဉ် ချဉ်းကပ်၊ ထွက်လတ် ကောင်းသတင်း၊ မကင်း လူ့ကျင့်ဝတ်၊ သေလတ် နတ်ပြည်၊ ဤငါးထွေ၊ မှတ်လေ ဒါနကျိုး။

မှတ်ချက် - ဂိဟိဓမ္မ(လူကျင့်ဝတ်တရား)အရကို အဋ္ဌကထာ၌ ငါးပါးသီလ-ဟု ဖွင့်ပြသည်၊ ဒါနကြောင့် သီလရှိနိုင်သည် ဟု ဆိုလိုဟန်တူသည်။

စွန့်ကြဲပေးကမ်းခြင်းသည်ပင်လျှင် လူ့ကျင့်ဝတ်တရား ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။


ပဉ္စမသုတ် ပြီး၏။

No comments:

Post a Comment