ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 18 February 2011

၃။ ပဉ္စင်္ဂိက၀ဂ်(အင်္ဂါ ၅-ပါးရှိ သမ္မာသမာဓိ ပွါးပုံကို ပြသည့် သုတ်ပါသော အခန်း)


၁။ ပထမ အဂါရ၀သုတ်

ရဟန်းတို့ ! ရဟန်းသည် -

၁။ ရိုသေတုပ်ဝပ်မူ, တူသော အသက်မွေးမူ မရှိလျှင် သီတင်းသုံးဖော်တို့အပေါ်မှာ အာဘိသမာစာရိက တရားကို မည်သည့် နည်းနှင့်မျှ မဖြည့်ကျင့်နိုင်။

(အာဘိသမာစာရိက-အပိုအလွန်ဖြည့်ကျင့်အပ်သော ၀တ်ကြီးဝတ်ငယ်)

၂။ အာဘိသမာစာရိက တရားကို မဖြည့်ကျင့်ဘဲ သေက္ခဓမ္မကို မည်သည့်နည်းနှင့်မျှ မဖြည့်ကျင့်နိုင်။

(သေက္ခ ဓမ္မ-ကျင့်ကြံလိုက်နာရမည့် ၂၂၇သွယ်သော သိက္ခာပုဒ်သီလ)

၃။ သေက္ခတရားကို မဖြည့်ကျင့်ဘဲ သီလတို့ကို မည်သည့်နည်းနှင့်မျှ မဖြည့်ကျင့်နိုင်။

(သီလ-သီလ ၄-မျိုး ၀ါ-စတုပါရိသုဒ္ဓိသီလ)

၎။ သီလတို့ကို မဖြည့်ကျင့်ဘဲ သမ္မာဒိဋ္ဌိကို မည်သည့်နည်းနှင့်မျှ မဖြည့်ကျင့်နိုင်။

(သမ္မာဒိဋ္ဌိ-မှန်ကန်သော အယူ ၀ိပဿနာ သမ္မာဒိဋ္ဌိ)

၅။ သမ္မာဒိဋ္ဌိကို မဖြည့်ကျင့်ဘဲ သမ္မာသမာဓိကို မည်သည့်နည်းနှင့်မျှ မဖြည့်ကျင့်နိုင်။

(သမ္မသမာဓိ-မှန်ကန်သော တည်ကြည်မူ မဂ်, ဖိုလ်သမာဓိ)


ရဟန်းသည် -

၁။ ရိုသေ တုပ်ဝပ်မူ, တူသော အသက်မွေးမူရှိမှသာ သီတင်းသုံးဖော်တို့၌အပေါ်မှာ အာဘိသမာစာရိကတရားကို ဧကန် ဖြည့်ကျင့်နိုင်မှာ ဖြစ်သည်။

၂။ အာဘိသမာစာရိကတရားကို ဖြည့်ကျင့်မှသာ သေက္ခတရားကို ဧကန်ဖြည့်ကျင့်နိုင်မှာ ဖြစ်သည်။

၃။ သေက္ခတရားကို ဖြည့်ကျင့်မှသာ သီလတို့ကို ဧကန် ဖြည့်ကျင့်နိုင်မှာ ဖြစ်သည်။

၎။ သီလကို ဖြည့်ကျင့်မှသာ သမ္မာဒိဋ္ဌိကို ဧကန် ဖြည့်ကျင့်နိုင်မှာ ဖြစ်သည်။

၅။ သမ္မာဒိဋ္ဌိကို ဖြည့်ကျင့်မှသာ သမ္မာသမာဓိကို ဧကန် ဖြည့်ကျင့်နိုင်မှာ ဖြစ်သည်။


မှတ်ချက်-ရိုသေတုပ်ဝပ်မူ၊ အာဘိသမာစာရိကတရား၊ သေက္ခတရား၊ သီလ၊ သမ္မာဒိဋ္ဌိ၊ သမ္မာသမာဓိ၊ ဤတရားတို့သည် အဆင့်ဆင့် မပြည့်စုံကြ၊ အဆင့်ဆင့် ပြည့်စုံကြသည်)

ပထမသုတ် ပြီး၏။

No comments:

Post a Comment