ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 18 February 2011

၁၀။ စတုတ္ထ ဟိတသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသော ရဟန်းသည် မိမိအစီးအပွါးအလို့ငှါလည်း ကျင့်သည်၊ သူတပါးအစီးအပွါးအလို့ငှာလည်း ကျင့်သည်။

ယင်း ၅-မျိုးမှာ -

ဤသာသနာတော်၌ ရဟန်းသည် -

၁။ မိမိလည်း သီလနှင့် ပြည့်စုံသည်၊
သူတပါးကိုလည်း သီလနှင့် ပြည့်စုံစေရန် ဆောက်တည်စေသည်။

၂။ မိမိလည်း သမာဓိနှင့် ပြည့်စုံသည်၊
သူတပါးကိုလည်း သမာဓိနှင့် ပြည့်စုံစေရန် ဆောက်တည်စေသည်။

၃။ မိမိလည်း ပညာနှင့် ပြည့်စုံသည်၊
သူတပါးကိုလည်း ပညာနှင့် ပြည့်စုံစေရန် ဆောက်တည်စေသည်။

၎။ မိမိလည်း ၀ိမုတ္တိနှင့် ပြည့်စုံသည်၊
သူတပါးကိုလည်း ၀ိမုတ္တိနှင့် ပြည့်စုံစေရန် ဆောက်တည်စေသည်။

၅။ မိမိလည်း ပစ္စဝေက္ခဏာ ဉာဏ်အမြင်နှင့် ပြည့်စုံသည်၊
သူတပါးကိုလည်း ထိုဉာဏ်အမြင်နှင့် ပြည့်စုံစေရန် ဆောက်တည်စေသည်။

ဆောင် - သီလ, သမာ၊ ပညာ, ၀ိမုတ္တိ၊ ၀ိမုတ္တိဉာ၊ ဤငါးဖြာမှာ၊ မိမိပါ ကျင့်၊ တစ်ဆင့် သူတပါး၊ ကျင့်စေငြားမူ၊ ထိုသည့်သူ၊ စွဲယူ ကိုယ်ကျိုးသူကျိုး နှစ်မျိုး ကျင့်သူမှတ်။

မှတ်ချက် - ဤသုတ်၌ ခီဏာသ၀ ဗဟုဿုတ (ကိုယ်တိုင်လည်း သီလရှိသူ,သူတပါးအတွက်လည်း ဖြန့်ဝေနိုင်လောက်သည့် ဗဟုသုတရှိသူ ရဟန္တာပုဂ္ဂိုလ်) ကို ရည်ရွယ်၍ ဟောသည်။

ဒသမသုတ် ပြီး၏။

၂-ခု မြောက် ဗလ၀ဂ် ပြီးပြီ။

No comments:

Post a Comment