ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 19 February 2011

၎။ ဒုဿီလသုတ်


ရဟန်းတို့ !

၁။ သီလပျက်စီးသူမှာ သမ္မာသမာဓိ လုံးဝ မဖြစ်နိုင်။

၂။ သမ္မာသမာဓိ ပျက်စီးသူမှာ ယထာဘူတဉာဏ်အမြင် လုံးဝ မဖြစ်နိုင်။

၃။ ယထာဘူတဉာဏ်အမြင် ပျက်စီးသူမှာ နိဗ္ဗိဒါ(ငြီးငွေ့မူ), ၀ိရာဂ(စွဲမက် ခြင်းကင်းမူ) လုံးဝ မဖြစ်နိုင်။

၎။ နိဗ္ဗိဒါ, ၀ိရာဂ ပျက်စီးသူမှာ ၀ိမုတ္တိဉာဏ်အမြင် လုံးဝ မဖြစ်နိုင်။

(သီလ, သမ္မာသမာဓိ, ယထာဘူတဉာဏ်အမြင်, နိဗ္ဗိဒါဝိရာဂ, ၀ိမုတ္တိဉာဏ်အမြင် - ဤ ၅-မျိုးတို့သည် အဆင့်ဆင့် ပျက်စီးကြ၊ အဆင့်ဆင့် ပြည့်စုံကြသည်။) (ဒုဿီလ-သီလမရှိသူ၊ သမ္မာသမာဓိ-မှန်ကန်သော တည်ကြည်မူ၊ ၀ိမုတ္တိ-ကိလေသာမှ လွတ်မြောက်မူကို သိသော)

ဥပမာ - သစ်ပင်သည် အခက်အရွက်ပျက်စီးခဲ့မူ ယင်းသစ်ပင်၏ အပွေးသည်လည်း မပြည့်စုံနိုင်၊ အခွံအခေါက် သည်လည်း မပြည့်စုံနိုင်၊ အကာ သည်လည်း မပြည့်စုံနိုင်၊ အနှစ်သည်လည်း မပြည့်စုံနိုင်သကဲ့သို့တည်း။

(အခက် အရွက်, အပွေး, အခွံအခေါက်, အကာ, အနှစ် ဤ ၅-မျိုးတို့သည် အဆင်ဆင့် ပျက်စီးကြ၊ ပြည့်စုံကြသည်)

၁။ သီလပြည့်စုံသူမှာ သမ္မာသမာဓိ ပြည့်စုံနိုင်သည်။

၂။ သမ္မာသမာဓိပြည့်စုံသူမှာ ယထာဘူတဉာဏ်အမြင် ပြည့်စုံနိုင်သည်။

၃။ ယထာဘူတ ဉာဏ်အမြင်ပြည့်စုံသူမှာ နိဗ္ဗိဒါ, ၀ိရာဂ ပြည့်စုံနိုင်သည်။

၎။ နိဗ္ဗိဒါ, ၀ိရာဂပြည့်စုံသူမှာ ၀ိမုတ္တိဉာဏ်အမြင် ပြည့်စုံနိုင်သည်။

ဥပမာ - သစ်ပင်သည် အခက်အရွက်နှင့် ပြည့်စုံခဲ့မူ ယင်းသစ်ပင်၏ အပွေး, အခွံ အခေါက်, အကာ, အနှစ်တို့လည်း အဆင့်ဆင့် ပြည့်စုံနိုင်သကဲ့သို့တည်း။

ဆောင် - ခက်, ပွေး, ခွံ, ကာ၊ အနှစ်ပါဟု၊ ဤငါးခုတို့၊ ပျက်မူ, ပြည့်စုံ၊ အဖုံဖုံ၊ မှတ်တုံ ဆင့်ဆင့်သာ။

သီလ, သမာ၊ ပညာပါနှင့်၊ နိဗ္ဗိဒါ, ၀ိ၊ ၀ိမုတ္တိဉာ၊ ဤငါးဖြာစု၊ ဖြစ်မူ, ပြည့်စုံ၊ အဖုံဖုံ၊ မှတ်တုံ ဆင့်ဆင့်သာ။


မှတ်ချက် - ယထာဘူတဉာဏ်အမြင် -
နာမရူပပရိစ္ဆေဒဉာဏ်မှစ၍ တရုဏ(အားသေးသော) ၀ိပသာနာ။

နိဗ္ဗိဒါ-ဗလ၀(အားကြီးသော) ၀ိပဿနာ။

ဝိရာဂ-မဂ်။

ဝိမုတ္တိဉာဏ်အမြင် - ဖိုလ်နှင့် ပစ္စဝေက္ခဏာဉာဏ်။


စတုတ္တသုတ် ပြီး၏။

No comments:

Post a Comment