ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 1 February 2011

ဆဋ္ဌသံဂါယနာခေတ်နှင့် မြန်မာ့သာသနာ

လွတ်လပ်ရေးရရန်အတွက် မြန်မာပြည်သားတို့ ကြိုးပမ်းကြသောအခါ အနာဂတ်မြန်မာပြည်ကို အမျိုးဘာသာ သာသနာတိုးတက်စေမည့် နိုင်ငံတော်ဖြစ်ရန် ရည်သန်ခဲ့ကြသည်။ လွပ်လပ်ရေးရပြီးသောအခါ မြန်မာပြည်ဖွား ဗုဒ္ဓဘာသာဝင်များသည် သာသနာတော်နှင့် ၂၄၉၈-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၁၆-ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၉၅၄-ခုနှစ်တွင် ၇န်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ဆဋ္ဌသံဂါယနာတင်ပွဲ ဆင်နွှဲခဲ့ကြသည်။ ထေရ၀ါဒငါးနိုင်ငံမှ သံဃာတော် ၂၅၀၀တို့သည် ပိဋကတော်များကို အထူးသန့်စင်အောင် သုတ်သင်ပြီး သံဂါယနာ တင်တော်မူခဲ့ကြသည်။ အသန့်ရှင်းဆုံးသော ပိဋကစာတော်မူများကို ကမ္ဘာအနှံ့ ဖြန့်ချိနိုင်ခဲ့ကြသည်။

No comments:

Post a Comment