ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 18 February 2011

၅။ ဒဋ္ဌဗ္ဗသုတ်


ရဟန်းတို့ ! အား ၅-မျိုးမှာ -

၁။ သဒ္ဓါ၊ ၂။ ၀ီရိယ၊ ၃။ သတိ၊ ၄။ သမာဓိ၊ ၅။ ပညာ တို့တည်း။

၁။ သဒ္ဓါအားကို အဘယ်အရာမျိုး၌ သိမှတ်အပ်သနည်း?။

သောတာပန်ဖြစ်ကြောင်း အင်္ဂါ ၄-မျိုး၌ သိမှတ်အပ်သည်။

(သောတာပန်ဖြစ်ကြောင်း အင်္ဂါ -

၁။ သူတော်ကောင်းနှင့်ပေါင်းသင်းခြင်း၊

၂။ သူတော်ကောင်းတရားကို နာကြားရခြင်း၊

၃။ သင့်တင့်အောင် နှလုံးသွင်းတတ်ခြင်း၊

၎။ မဂ်, ဖိုလ်ရကြောင်း အကျင့်ကို ကျင့်ခြင်း။)


၂။ ၀ီရိယအားကို အဘယ်အရာမျိုး၌ သိမှတ်အပ်သနည်း?။

သမ္မပ္ပဓာန် ၄-ပါး၌ သိမှတ်အပ်သည်။

(သမ္မပ္ပဓာန် ၄-ပါး -

၁။ ဖြစ်ပြီး အကုသိုလ်ကို ပယ်ရန် အားထုတ်ခြင်း၊

၂။ မဖြစ်သေးသော အကုသိုလ်ကို မဖြစ်ရန် အားထုတ်ခြင်း၊

၃။ မဖြစ်သေးသော ကုသိုလ် ဖြစ်ရန် အားထုတ်ခြင်း၊

၎။ ဖြစ်ပြီး ကုသိုလ်များ တိုးပွားရန် အားထုတ်ခြင်း။)


၃။ သတိအားကို အဘယ်အရာမျိုး၌ သိမှတ်အပ်သနည်း?။

သတိပဋ္ဌာန် ၄-ပါး၌ သိမှတ်အပ်သည်။

(သတိပဋ္ဌာန် ၄-ပါး - ကာယာနပဿနာ၊ စိတ္တာနပဿနာ၊ ဓမ္မနပဿနာ)


၎။ သမာဓိအားကို အဘယ်အရာမျိုး၌ သိမှတ်အပ်သနည်း?။

ဈာန် ၄-ပါး၌ သိမှတ်အပ်သည်။

(ဈာန် ၄-ပါး - ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်၊)


၅။ပညာအားကို အဘယ်အရာမျိုး၌ သိမှတ်အပ်သနည်း?။

အရိယသစ္စာ ၄-ပါး၌ သိမှတ်အပ်သည်။

(သစ္စာ ၄-ပါး - ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ။)


ဆောင် - သောတာပန် အင်၊ သဒ္ဓါပင် မှတ်၊ သမ္မပ္ပဓာန်၊ မှတ်ရန် ၀ီရိ၊ သတိပဌာ၊ သတိသာ သိ၊ သမာဓိ ဈာန်၊ တစ်ဖန် ပညာ၊ သစ္စာမှာ၊ မှတ်ပါ စဉ်တိုင်းသိ။


မှတ်ချက် - သောတာပန် အင်္ဂါ၌ သဒ္ဓါသာမက ၀ရိယစသည်တို့လည်း အထိုက်အလျောက် ပါဝင်သော်လည်း သဒ္ဓါသာ မဓာန ဖြစ်သည်၊ သမ္မပ္ပဓာန်, သတိပဌာန်စသည်တို့၌လည်း ထို့အတူပင် မှတ်ရမည်။

ပဉ္စမသုတ် ပြီး၏။

No comments:

Post a Comment