ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 1 February 2011

ပုဂံခေတ်သာသနာ

မြန်မာလူမျိုးတို့သည် ယုန်လွှတ်ကျွန်းအရပ်၌ အရိမဒ္ဒနပုရမည်သော ပုဂံမြို့တော်ကို တည်ဆောက်ကြသည်။ ပုဂံ နေပြည်တော်သည် သာသနာတော်နှစ် ၁၅၆၁-ခုနှစ်၊ ခရစ်နှစ် ၁၀၄၄-ခုနှစ်တွင် နန်းတက်သော အနော်ရထာမင်းကြီး လက်ထက်တွင် ဧကရာဇ်နိုင်ငံတော်ကြီး ဖြစ်လာသည်။ သုဝဏ္ဏဘူမိ နေက်ပိုင်းခေတ်သို့ ရောက်သောအခါ သာသနာတော်သည် ရဟန်းတု ရဟန်းယောင်တို့၏ အပြုအမူကြောင့် လွန်စွာယုတ်လျော့လာသည်။ သမထီးအရပ်၌ အခြေစိုက် နေထိုင်ကြကုန်သော အရည်းကြီးတို့သည် သာသနာတော်၏ ဆန့်ကျင်ဘက်လုပ်ရပ်များကို ပြုလုပ်နေကြကုန်၏။ ပုဂံနေပြည်တော်ဝန်းကျင်၌ ယခင်ကရှိနေခဲ့သော ထေရ၀ါဒ သာသနာမှာလည်း မှေးမှိန်ကွယ်ပျောက်နေ၏။

အနော်ရထာသည် ဘုရင်ဖြစ်လာသောအခါ သာသနာတော်ပြုစုရန် အာသီသပြင်းပြနေ၏။ နန်းစံ၍ ၉-နှစ်ရှိသောအခါ သထုံပြည်မှ အရှင်ဓမ္မဒဿီ အမည်ရှိသော ရဟန္တာမထေရ်တစ်ပါး ကြွရောက်လာသည်။ အနော်ရထာဘုရင်သည် မထေရ်ကို ကြည်ညိုသဖြင့် သာသနာပြုရန် လျှောက်ထားသည်။ ရှင်အရဟုံ အများခေါ်ဝေါ်နေသော ဓမ္မဒဿီမထေရ်မြတ်သည် အနော်ရထာ မင်းနှင့် လက်တွဲကာ သာသနာပြုခဲ့သည်။ အရည်းကြီးတို့ကို လူဝတ်လဲခိုင်းသည်။ မြတ်စွာဘုရား၏ ပိဋကတ်တော်များ ဓာတ်တော်များကို ပင့်ဆောင်ရန်အတွက် သထုံပြည်ကို သိမ်းယူတော်မူပြီး ပိဋကတ်တော်အစုံ(၃၀)၊ ဓာတ်တော်မွေတော်၊ ရဟန်းသံဃာတော်တို့ကို သာသနာတော်နှစ်-၁၆၀၁၊ ကောဇာသက္ကရာဇ် ၄၁၉-တွင် ပုဂံနေပြည်တော်သို့ ပင့်ဆောင်ကာ ထေရ၀ါဒသာသနာတော်ကို ထွန်းကားသန့်စင်အောင် ဆောင်ရွက်ခဲ့သည်။

အနော်ရထာမင်းကြီး ယင်းသို့ဆောင်ရွက်လိုသော စိတ်ဓာတ်နှင့် ၎င်း၏ခမည်းတော် ကွမ်းဆော်မင်းကြီး၏ ဖြစ်ရပ်တို့ကို သုံးသပ်ကြည့်လျှင် ပျူနိုင်ငံတော်ကြီးပျက်စီး၍ ပုဂံနေပြည်တော်ကြီး ဖြစ်ပေါ်လာရာ ယခင်ကတည်းက ထေရ၀ါဒသာသနာတော် တည်ရှိခဲ့ကြောင်းလည်းသိသာနိုင် လေသည်။

သီဟိုဠ်နိုင်ငံမှ ပိဋကတော်တို့ကိုပါ ပင့်ဆောင်စေပြီး သရပါတံခါးအနီး ပိဋကတ်တိုက်ကျောင်းကြီး၌ သီဟိုဠ်မူ သထုံမူ မူနှစ်မူ တိုက်ဆိုင် စစ်ဆေးသုတ်သင်စေပြီး သံဃာတော်တို့ကို ပို့ချစေတော်မူသည်။ အနော်ရထာမင်းကြီး၏ ကြိုးပမ်းအားထုတ်မူကြောင့် မြတ်စွာဘုရား၏ သာသနာတော် အစစ်အမှန်ဖြစ်သော ထေရ၀ါဒဗုဒ္ဓသာသနာတော်ကြီးသည် ပုဂံနေပြည်တော်ကို အခြေစိုက်ကာ မြန်မာနိုင်ငံတပြည်လုံးသို့ ပျံ့နှံ့ထွန်းကားသွား လေတော့သည်။

အနော်ရထာမင်းမြတ်နောက် ဆက်ခံကြသောမင်းတို့မှာလည်း ဗုဒ္ဓဘာသာဝင် မင်းတို့သာ ဖြစ်ကြသဖြင့် သာသနာ့ဒါယကာအဖြစ် သာသနာတော်ကြီး တိုးတက်စေရန် နည်းမျိုးစုံဖြင့် အားထုတ်ခဲ့ကြသည်သာ ဖြစ်သည်။ မိမိတို့ အုပ်စိုးရသော အချိန်ကာလအတွင်း၌ သာသနာတော်ကြီး စည်ပင်ပြန့်ပွားထွန်းကားရန် မင်းအဆက်ဆက် ဆောင်ရွက်တော်မူခဲ့ကြသည်။ ပုဂံသို့ သာသနာတော်ရောက်ခဲ့သည့် သာသနာတော်နှစ် ၁၆၀၀ လောက်မှစ၍ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်သည် အဆက်မပြတ် တိုးတက်ထွန်းကားလားသည်။ ကျန်စစ်မင်း၊ အလောင်းစည်သူမင်း၊ နရပတိစည်သူမင်း၊ ကျစွာမင်းစသော မင်းအဆက်ဆက်တို့နှင့် ပြည်သူတို့၏ သာသနာတော်အတွက် ကြိုးပမ်းချက်ကြောင့် “လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း”ဟု ဆိုစမှတ်ပြုရလောက်အောင် ပုဂံနေပြည်တော်တွင် ဘုရားစေတီတော်ပေါင်းများစွာ ပေါ်ထွန်းလာခဲ့သည်။

ပုဂံ ပင်းယ စစ်ကိုင်း အင်းဝ ညောင်ရမ်း ကုန်းဘောင်ခေတ် အဆက်ဆက် မင်းအဆက်ဆက်တို့ သာသနာတော်အတွက် အားတက်သရော ကြိုးပမ်းခဲ့ကြသဖြင့် ထေရ၀ါဒသာသနာတော်သည် တပြည်လုံးအနှံ့ဖြန့်ကျက်ထွန်းကားခဲ့သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အထက်တန်း) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment