ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 17 February 2011

၈။ စ၀နသုတ်


ရန်ဟန်းတို့ ! ၁။ သဒ္ဓါ, ၂။ ဟိရီ, ၃။ သြတ္တပ္ပ, ၄။ ၀ီရိယ, ၅။ ပညာ ဤငါးမျိုး မရှိသော (ချို့ယွင်း ကင်းကွာသော) ရဟန်းသည် ရွေ့လျောရသည်၊ သဒ္ဓမ္မ ၃-ဖြာ သာသနာတော်၌ မတည်တံ့နိုင်။

(ငါးမျိုး မရှိသော - ဟူရာ၌ ငါးမျိုးလုံးဖြစ်စေ၊ တစ်မျိုးမျိုးဖြစ်စေ မရှိခြင်းကို ဆိုလိုသည်)

အဆိုပါ တရား ၅-မျိုးရှိသော (ပြည့်စုံသော လက်ကိုင်ထားသော) ရဟန်းသည် မရွေ့လျားနိုင်၊ သဒ္ဓမ္မ ၃-ဖြာ သာသနာတော်၌ ခိုင်ခိုင်မြဲမြဲ တည်တံ့နိုင်သည်။

ဆောင် - ဗလ ငါးဖြာ၊ ကင်းစင်ကွာမူ၊ သာသနာမှ၊ ရွေ့လျားရ၊ ပြည့်ဝ မရွေ့လျော။

မှတ်ချက် - အာဂမနီယ, အဓိဂမ, ပသာဒ, သြကပ္ပန-ဟု ဒီဋ္ဌ ၂၊ ၁၀၉-၌ လာသည်၊ အံ၊ ဋ္ဌ-၃၊ ၃-၌ ပက္ခန္ဒန သဒ္ဓါကိုလည်း ဆိုသည်။ ယင်း ၅-မျိုးအနက် ဤသုတ်၌ သြကပ္ပန၊ ပက္ခန္ဒန သဒ္ဓါ ၂ -မျိုး ယူရမည်။

အဋ္ဌမသုတ် ပြီး၏။


No comments:

Post a Comment