ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 17 February 2011

၇။ ကာမသုတ်


ရဟန်းတို့ ! သတ္တ၀ါတို့သည် များသောအားဖြင့် ကာမဂုဏ်တို့၌ မွေ့လျော် ပျော်ပိုက်ကြသည်၊ မြက်ရိတ် တံစဉ်နှင့် မြက်ထမ်းထမ်းပိုးကို စွန့်ပစ်၍ လူ့ဘောင်ခွါရှောင် ရဟန်းဘောင်သို့ ၀င်ရောက်သော အမျိုးကောင်းသားကို “သဒ္ဓါပဗ္ဗဇိတ အမျိုးကောင်းသား” ဟု ဆိုသင့်သည်။

(မြက်ရိတ် တံစဉ်နှင့် ထမ်းပိုးကို စွန့်ပစ် - ဟု ဟောခြင်းမှာ ဤသုတ်ကို ဟောစဉ်က ပါဝင်သည့် တရားနာပရိသတ်များ နားလည်နိုင်သော အများစု တောင်သူလယ်သမားတို့ကို ဦးတည်ဟောခြင်းသာ ဖြစ်သည်။ မိမိတို့ပိုင်ဆိုင်ရာ မည်သည့်ပစ္စည်းကိုမဆို စွန့်ပစ်ခြင်းကို ဆိုလိုသည်။ (သဒ္ဓါပဗ္ဗဇိတ - ယုံကြည်၍ ရဟန်းပြုသူ)


ထိုသို့ ဆိုသင့်ကြောင်းကား -

မည်သည့် ကာမဂုဏ်မျိုးမဆို ပျိုမျစ်နုနယ် ငယ်ရွယ်သူသာ ရနိုင်သည်၊ အောက်တန်းစား, အလတ်တန်းစား, အထက်တန်းစား ကာမဂုဏ်ဟူသမျှ “ကာမဂုဏ်” ဟူ၍သာ ခေါ်ဝေါ်ထိုက်သည်။

ပက်လက်အိပ်ကာမျှ ဖြစ်၍ နုနယ် ငယ်ရွယ်သော သူငယ်သည် အထိန်း၏ ပေါ့လျော့မူကြောင့် သစ်သားစကို ဖြစ်စေ, အိုးခြမ်းကွဲကို ဖြစ်စေ မျိုချမိရာသည်၊ ထိုအရာကို အထိန်းသည်သည် အလျင်အမြန် သတိထား ထုတ်ယူရမည်၊ အကယ်၍ လျင်မြန်စွာ ထုတ်ယူရန် မတတ်နိုင်ပါမူ လက်ဝဲ လက်ဖြင့် ဦးခေါင်းကို ကိုင်ကာ လက်ယာလက်ဖြင့် လက်ညှိုးကို ကွေး၍ သွေးပါနိုင်သော်လည်း ထုတ်ယူရမည်။


ထိုသို့ ပြုရကြောင်းမှာ-

ယင်းသို့ မရ ရအောင် ထုတ်ယူရသဖြင့် သူငယ်ကို ညှဉ်းပန်းမူ သည်ကား ရှိပေမည်၊ မရှိ-ဟု ငါမဆို၊ သို့ပင် ရှိလင့်ကစား အကျိုးကို လိုလား၍ အစီးအပွားကို ရှာမှီးတတ်, သနားစောင့်ရှောက်တတ်သော အထိန်းသည်သည် သူငယ်အပေါ် သနားစောင့်ရှောက်သဖြင့် ဤအမူမျိုးကို ပြုလုပ်သင့်သည်သာတည်း။

ထိုသူငယ် ကြီးပြင်းလာ၍ အသိဉာဏ်ရှိလောက်သော အခါ အထန်းသည်သည် ထိုသူငယ်အပေါ် ကြည့်ရူဖွယ်မလို၊ ဤအခါ၌ သူငယ်သည် မိမိကိုယ်ကို စောင့်ရှောက်နိုင်သူ ဖြစ်နေသည်၊ မေ့လျော့တော့မည်လည်း မဟုတ်ချေ။

ဤအတူသာလျှင် ရဟန်းသည် ၁။ သဒ္ဓါ, ၂။ ဟိရီ, ၃။ သြတ္တပ္ပ, ၄။ ၀ီရိယ, ၅။ ပညာတို့ဖြင့် ကုသိုလ်တရားတို့၌ ပြုလုပ်သင့်သည်ကို မပြုလုပ်နိုင်သေးသမျှ ကာလပတ်လုံး ငါဘုရားသည် ထိုရဟန်းကို စောင့်ရှောက် ထိန်းသိန်းထားရမည်သာတည်း။

ပြုလုပ်သင့်သည်ကို ပြုလုပ်နိုင်သောအခါ၌မူကား ငါဘုရားသည် ထိုရဟန်းအပေါ် ကြည့်ရူဖွယ်မလို၊ ဤအခါ၌ ရဟန်းသည် မိမိကိုယ်ကို စောင့်ရှောက်နိုင်သူ ဖြစ်နေပေပြီ၊ မေ့လျော့တော့မည် မဟုတ်ချေ။


ဆောင် - မသိတတ် ရွယ်၊ ကလေးငယ်၏ လည်ချောင်းရောက်ထ၊ သစ်သားစကို၊ တကွ သွေးနှင့် ထုတ်ယူသင့်သို့၊ မလင့် ပုံတူ၊ ငါးဆူ ခွန်အား၊ မပြည့်ငြားမူ၊ ထိုသည့်သူကို၊ ငါမူ ဘုရား၊ စောင့်ရှောက်ထားသင့်၊ မှတ်ကုန်လင့်လော့။


သတ္တမသုတ် ပြီး၏။

No comments:

Post a Comment