ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 17 February 2011

၁။ သေခဗလ၀ဂ်(သေခဗလကို ပြသည့် သုတ်ပါသော အခန်း)


၁။ သံခိတ္တသုတ်

ဤသို့ အကျွန်ုပ် ကြားနာခဲ့ပါသည်၊ မြတ်စွာဘုရား သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ ဇေတ၀န်ကျောင်း အာရာမ်၌ သီတင်းသုံး နေတော်မူစဉ်က ဖြစ်ပါသည်။

ထိုအချိန် မြတ်စွာဘုရားက “ရဟန်းတို့” ဟု ခေါ်တော်မူလျှင် ရဟန်းတို့ကလည်း “အရှင်ဘုရား” ဟု ပြန်ကြား လျှောက်ထားကြသည်၊ မြတ်စွာဘုရားက ဤသို့ ဆက်လက် မိန့်ကြားတော်မူပါသည်။

ရဟန်းတို့ ! သေက္ခပုဂ္ဂိုလ်ခွန်အား ၅-မျိုးမှာ -

၁။ သဒ္ဒါ၊ ၂။ ဟိရီ၊ ၃။ သြတ္တပ္ပ၊ ၄။ ၀ီရိယ၊ ၅။ ပညာ တို့တည်း။

(သေက္ခ - ကျင့်ဆဲ၊ သဒ္ဓါ - ယုံကြည်မူ၊ ဟိရီ - ရှက်မူ၊ သြတ္ထပ္ပ - ကြောက်လန့်မူ၊ ၀ီရိယ - အားထုတ်မူ၊ ပညာ - ကျွမ်းကျင်မူ)

ထို့ကြောင့် ဤသာသနာတော်၌ “ယင်းသေက္ခပုဂ္ဂိုလ်တို့၏ ခွန်အား ၅-မျိုးနှင့် ပြည့်စုံအောင် ကျင့်မည်” ဟူသော ခံယူချက်ဖြင့် သင်တို့ ကျင့်ရမည်။

ဤသို့ မြတ်စွာဘုရားမိန့်ကြားတော်မူသော တရားစကားကို ရဟန်းတော်များက နှစ်လိုဝမ်းမြောက်စွာ ခံယူကြပါသည်။

ဆောင် - ဗလ ခွန်အား၊ ယင်း ၅-ပါးမှာ၊ သဒ္ဓါ, ဟိရီ၊ သြတ္တပ်, ၀ီ၊ တစ်လီ ပညာများ။

သေက္ခပုဂ္ဂိုလ် - အရိယာပုဂ္ဂိုလ် ၈-ယောက်အနက် ရဟန္တာပုဂ္ဂိုလ်မှ ကြွင်းကျန်သော ၇-ယောက်။

ပထမသုတ် ပြီး၏။

No comments:

Post a Comment