ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 22 February 2011

၉။ ပုတ္တသုတ်


ရဟန်းတို့ ! မိဘတို့သည် ဤဆိုလတံ့သော အကြောင်း ၅-မျိုးကို ကောင်းစွာ သိမြင်သောကြောင့် မျိုးနွယ်၌ ဖြစ်သည့် သားသမီးကို အလိုရှိကြခြင်း ဖြစ်သည်။

ယင်း ၅-မျိုးမှာ -

၁။ ငါတို့ မွေးမြူထားသော သား, သမီးတို့သည် ငါတို့အား တဖန်ပြန်၍ လုပ်ကျွေး မွေးမြူကြပေလိမ့်မည်။

၂။ ငါတို့၏ အမူကိစ္စကို ပြုလုပ်ကြပေလိမ့်မည်။

၃။ မျိုးနွယ်ဆက်သည် ရှည်မြင့်စွာ တည်ပေလိမ့်မည်။

၎။ အမွေခံ ဖြစ်ပေလိမ့်မည်။

၅။ ထို့ပြင် ဘ၀တပါး ပြောင်းသွားသော ငါတို့အား အလှူ၏ အဖို့ကို ပေးဝေကြပေလိမ့်မည်။

ဤသို့ မိန့်တော်မူပြီး ပါဠိကဗျာ ဂါထာဖြင့် မိန့်တော်မူပြန်သည်မှာ -

“ထို့ကြောင့် ပြုဖူးသော ကျေးဇူးကို သိ၍ သူ့ကျေးဇူးကို ထင်စွာပြုသည်ကို အဖန်ဖန် အောက်မေ့လျက် မိဘတို့ကို လုပ်ကျွေး မွေးမြူကြသည်။ ကျေးဇူးပြုဖူးသူ၏ ကိစ္စကို ပြုလုပ်သကဲ့သို့ ထိုအတူ မိဘတို့၏ အမူကိစ္စတို့ကို ပြုလုပ်ကြသည်။

မိဘအဆုံးအမကို လိုက်နာတတ်သော, မိဘတို့အား လုပ်ကျွေးမွေးမြူတတ်သော, မျိုးနွယ်ကို မဆုတ်ယုတ်စေတတ်သော, သဒ္ဓါတရားရှိသော, သီလပြည့်စုံသူ သားသမီးသည် ချီးမွမ်းထိုက်သူ ဖြစ်ပေသည်။”

ဆောင် - တို့ကို လုပ်ကျွေး၊ ပြုရေး ကိစ္စ၊ ပြုကုန်ကြမည်၊ မျိုးနွယ် တည်ရန်၊ အမွေခံဖို့၊ သေပြန် မျှဝေ၊ ဤငါးထွေတွက်၊ ရည်ရွယ်လျက်၊ မျိုးဆက် သားသမီး ရယူသည်။

မှတ်ချက် - ဤသုတ်သည် “ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ် သားတို့တာ” ဟူသော သားသမီးဝတ် ၅-မျိုးကိုလည်း ညွှန်ပြပြီးသား ဖြစ်သည်။

မိဘတို့အပေါ်မှာ သားသမီးဝတ်ကျေပွန်စွာ ကောင်းမွန်စွာ ကျင့်ကြံသောကြောင့် ထိုသားသမီးများကို “သူတော်ကောင်း” ဟု ခေါ်နိုင်သည်။


န၀မသုတ် ပြီး၏။

No comments:

Post a Comment