ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 18 February 2011

၎။ ၀ိတ္ထတသုတ်


ရဟန်းတို့ ! အား ၅-မျိုးမှာ -

၁။ သဒ္ဓါ, ၂။ ၀ီရိယ, ၃။ သတိ, ၄။ သမာဓိ, ၅။ ပညာ တို့တည်း။

(၁ ။ သဒ္ဓါ၊ ၂။ ၀ီရိယ၊ ၅။ ပညာ အားတို့ကို သေခဗလ၀ဂ်၊ ၀ိတ္ထတသုတ်အတိုင်း သိလေ)

၃။ သတိ ခွန်အာ ဟူသည်မှာ -

ဤ သာသနာတော်၌ အရိယာတပည့်သည် -

သတိရှိသည်၊ လွန်ကဲ ရင့်ကျက်သော သတိနှင့် ပြည့်စုံသည်၊ ကြာမြင့်စွာက ပြုလုပ်ခဲ့၊ ပြောဆိုခဲ့သည်များကို အောက်မေ့နိုင်သည်၊ အဖန်တလဲလဲ အောက်မေ့နိုင်သည်။

၎။ သမာဓိ ခွန်အား ဟူသည်မှာ -

ဤ သာသနာတော်၌ အရိယာတပည့်သည် -

(က) ကာမဂုဏ်, အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ၀ိတက်, ၀ိစာရနှင့် တကွဖြစ်သော၊ နီဝရဏ တို့မှ ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော၊ ပီတိ, သုခရှိသော ပဌမဈာန်ကိုလည်း ၀င်စားနေသည်။
(၀ိတက် - ကြံစည်မူမူ၊ ၀ိစာရ - သုံးသပ်မူ၊ ပီတိ - နှစ်သက်မူ၊ သုခ - ချမ်းသာမူ)

(ခ) ၀ိတက်, ၀ိစာရတို့ ချုပ်ငြိမ်းသွားခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ သမာဓိကို ပွားစေတတ်သော၊ ၀ိတက်, ၀ိစာရ မရှိသော၊ သမာဓိကြောင့် ဖြစ်သော၊ ပီတိ, သုခ ရှိသော ဒုတိယဈာန်ကိုလည်း ၀င်စားနေသည်။

(ဂ) ပီတိကိုလည်း မတပ်မက်ခြင်းကြောင့် သတိ,သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရူလျက် နေသည်၊ သုခကိုလည်းခံစားသည်၊ “လျစ်လျူရူသူ, သတိရှိသူ, ချမ်းသာစွာ နေလေ့ရှိသူ” ဟု အရိယာ ပုဂ္ဂိုလ်တို့ ချီးမွမ်းပြောကြားနိုင်လောက်အောင် ဂုဏ်သတ္တိရှိသည့် တတိယဈာန်ကိုလည်း ၀င်စားနေသည်။

(ဃ) ချမ်းသာ, ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း, ရှေးဦးကပင် ၀မ်းသာခြင်း, နှလုံးမသာယာခြင်းတို့၏ ချုပ်ငြိမ်းခြင်းကြောင့်လည်းကောင်း ဆင်းရဲ, ချမ်းသာ မရှိသော ဥပေက္ခာကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်ကိုလည်း ၀င်စားနေသည်။(ဥပေက္ခာ - လျစ်လျူရူမူ)

(သမာဓိ အား၏ ဆိုလိုရင်းမှာ -

ဤသာသနာတော်၌ အရိယာတပည့်သည် -

(က) ၀ိတက်, ၀ိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ဟူသော အစိတ်အပိုင်း ၅-ခုရှိသည့် ပဌမဈာန်ကိုလည်း ၀င်စားနေသည်။

(ခ) ပီတိ, သုခ, ဧကဂ္ဂတာ ဟူသော အစိတ်အပိုင်း ၃-ခုရှိသည့် ဒုတိယ ဈာန်ကိုလည်း ၀င်စားနေသည်။

(ဂ) သုခ, ဧကဂ္ဂတ ဟူသော အစိတ်အပိုင်း ၂-ခုရှိသည့် တတိယဈာန်ကိုလည်း ၀င်စားနေသည်။

(ဃ) ဥပေက္ခာ, ဧကဂ္ဂတာ ဟူသော အစိတ်အပိုင်း ၂-ခုရှိသည့် စတုတ္ထဈာန်ကိုလည်း ၀င်စားနေသည်။)


ဆောင် - သတိ မပျက်၊ ရင့်ကျက်သတိ၊ ကြာရှည်စွာက၊ ပြုသမျှကို၊ မုချပိုင်ပိုင်၊ မှတ်မိနိုင်၊ မြဲခိုင် သတိအား။

ဈာန်လေးပါးတိုင်၊ ခိုင်ခိုင်မာမာ၊ တည်ကြည်လာ၊ မှန်စွာ သမာဓိခွန်အား။


စတုတ္ထသုတ် ပြီး၏။

No comments:

Post a Comment