ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday 26 February 2011

သံသရာဘာကြောင့်လည်


ဗုဒ္ဓဘာသာမှာ သတ္တ၀ါတွေ ဘာကြောင့် သံသရာလည်သလဲမေးရင်၊ အ၀ိဇ္ဇာ-တဏှာ-ကံ -ဒီတရား သုံးပါးကြောင့်လည်တာဘဲ ဘုရားနဲ့ ဘာမှမဆိုင်ဘူး၊ ကိုယ်လည်ချင်လို့ လည်တာပေါ့၊ ကြည့်ရအောင် -

အ၀ိဇ္ဇာ - ဆိုတာ မသိတာ၊ အမှန်တရားကို မသိတာ။

တဏှာ - ဆိုတာက လိုချင်တာ တပ်မက်တာ၊ ဟိုဟာဖြစ်ချင် ဒီဟာဖြစ်ချင်တာတွေပေါ့။

ကံ - ဆိုတာက ပြုလုပ်တာ ကိုယ် နူတ် စိတ်နဲ့ ပြုလုပ် တဲ့အမူကို ကံခေါ်တာပေါ့။

အ၀ိဇ္ဇာတရားက ဖုံးလွှမ်းထားတာ အမှန်ကို မသိဘူး မသိတော့ လိုချင်လာတယ်။ လိုချင်တော့ ရအောင် ပြုလုပ်တော့တယ်၊ ဒီအခါ ကံဖြစ်လာပြီး၊ အဲဒီကံ-က အကျိုးပေးတော့တယ်၊ ဒုက္ခကို ဒုက္ခလို့မထင်၊ သုခလို့ထင်-ထင်ပြီးတော့ ခံစား-ခံစားတော့ တဏှာဖြစ် အရသာတွေ့ အရသာတွေ့တော့ ထပ်ခံစားချင်၊ ဒီအခါ ထပ်ရှာ ထပ်ရှာ တော့ရလာ၊ ရလာတော့ ထပ်ခံစား၊ ရှာလိုက်-ရလိုက်-ခံစားလိုက်-ထပ်ရှာလိုက်-ထပ်ရလိုက် - ထပ်ခံစားလိုက်နဲ့ သံသရာလည်ကြတာပေါ့။ ဒါကြောင့် ဘုရားနဲ့ မဆိုင်ဘူး၊ ကိုယ့်ကြောင့် လည်တာဆိုတော့ - သံသရာပြတ်အောင်လဲ ကြိုးစားရမှာဘဲ၊ သံသရာပြတ်အောင်လဲ ကိုယ်ဘဲကြိုးစားရမှာဘဲ၊ ဘုရားသွားပြီးကယ်ပါ မလုပ်နဲ့။

အမှန်သိအောင် သစ္စာမြင်အောင်ကြိုးစား-အမှန်သိရင် ဒုက္ခခန္ဓာ မြင်လာမှာ၊ မြင်လာရင် မလိုချင်တော့ဘူး၊ မလိုချင်ရင် မရှာတော့ဘူး၊ မရှာရင် မရတော့ဘူး၊ ဒါဆို ကံတွေကုန်သွားမှာ ကံကုန်သွားရင် အကျိုးမပေးတော့ဘူး၊ နောက်ထပ်ဘ၀အသစ်ဖြစ်စရာ မရှိတော့ဘူး၊ သံသရာပြတ်ရော၊ အပြောလွယ်တာ အလုပ်မလွယ်ဘူး။

ကိုယ်လိုချင်တာ ကိုယ်ဖြစ်ချင်တာတွေကများ ဖြစ်အောင်ရအောင်က မလုပ်နိုင်၊ အသက်အရွယ်ကကြီး၊ အိုမင်းမစွမ်း ဖြစ်၊ ဒီအခါ စိတ်ကလျော့လာပြီ၊ ဒီဘ၀တော့ ငါဖြစ်ချင် တာတွေ ဖြစ်မှာမဟုတ်တော့ပါဘူး၊ နေနင့်အုံး၊ ဒီဘ၀မဖြစ် နောင်ဘ၀ပေါ့ဆိုပြီး တစ်ခါ နောက်ဘ၀ကို တောင့်တတတ်တယ်၊ ဒါလူ့စိတ်ရဲ့ သဘာဝဘဲ ဒီလိုနဲ့ နောင်ဘ၀ဆိုတာ ဖြစ်ချင်လာရော့၊ နောင်ဘ၀ကျတော့လဲ အဲဒီလိုဘဲ ဖြစ်ပြန်ရော့၊ ဘ၀တွေတစ်ခုပြီး တစ်ခုဆက်ရနေတော့တာပေါ့၊ ဒါ သံသရာလည်တာပါဘဲ။


မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တကေသရ၏ ကမ္မ၀ါဒများနှင့် မိတ်ဆက်ပေးခြင်း စာအုပ်မှ ကောက်နုတ်တင်ပြသည်။

No comments:

Post a Comment