ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 28 February 2011

၅။ ပုညာဘိသန္ဒသုတ်


ရဟန်းတို့ ! ဤ ၅-မျိုးသော ကောင်းမူအထု ကုသိုလ်အလျဉ်းတို့သည် ချမ်းသာကို ဆောင်တတ်ကြသည်၊ ကောင်းမြတ်သော အာရုံကို ပေးတတ်ကြသည်၊ ချမ်းသာကျိုး ရှိကြသည်၊ နတ်ပြည်၌ ဖြစ်စေတတ်ကြသည်၊ လိုလား, နှစ်သက်, မြတ်နိုးဖွယ်နှင့် စီးပွါးချမ်းသာအလို့ငှါ ဖြစ်ကြသည်။

ယင်း ၅-မျိုးမှာ -

ရဟန်းသည် အတိုင်းအဆမရှိသည့် အရဟတ္တဖလသမာပတ်ကို ၀င်စားလျက် ဒါယကာလှူဒါန်းသော -

၁။ သင်္ကန်း၊

၂။ ဆွမ်း၊

၃။ ကျောင်း၊

၎။ ညောင်စောင်း အင်းပျဉ်၊

၅။ ဆေးပစ္စည်းတို့ကို သုံးဆောင်သည်။

ယင်းသို့သော ရဟန္တာကို လှူဒါန်းသော ကောင်းမူအထု ကုသိုလ်အလျဉ်သည် ချမ်းသာကို ဆောင်တတ်သည်၊ ကောင်းမြတ်သော အာရုံကို ဖြစ်စေတတ်သည်၊ ချမ်သာကျိုးရှိသည်၊ နတ်ပြည်၌ ဖြစ်စေတတ်သည်၊ လိုလား, နှစ်သက်, မြတ်နိုးဖွယ်နှင့် စီးပွါးချမ်းသာ အလို့ငှါ ဖြစ်သည်။

ဤ ၅-မျိုးသော ကောင်းမူအထု ကုသိုလ်အလျဉ်းနှင့် ပြည့်စုံသော အရိယာတပည့်၏ ကောင်းမူအတိုင်း အရှည်ပမာဏကို ဤ၍ဤမျှဟု ရေတွက်ခြင်းငှါ မလွယ်ကူချေ၊ စင်စစ်သော်ကား ရေတွက်နိုင်းယှဉ်မရနိုင်လောက်အောင် ကြီးမားသော ကောင်းမူကုသိုလ် အစု ဟုသာ ဆိုရမည်။

ဥပမာ- မဟာသမုဒ္ဒရာ၏ ပမာဏကို ပြည်တောင်း, တင်းတောင်းတို့ဖြင့် ချင့်တွက်ခြင်းငှါ မတတ်နိုင်သကဲ့သို့တည်း။

ဤသို့ မိန့်တော်မူပြီး ပါဠိကဗျာ ဂါထာဖြင့် မိန့်တော်မူပြန်သည်မှာ -

“ရေများစွာကိုလည်း ဆောင်တတ်, ပြည်တောင်း အစရှိသည်တို့ဖြင့်လည်း မနိုင်းယှဉ်အပ်, ပြင်းထန်သော အသံလည်းရှိ, များစွာကြောက်မက်ဖွယ် အာရုံလည်းရှိ, ရတနာအပေါင်းတို့၏ တည်ရာလည်းဖြစ်သော သမုဒ္ဒရာသို့ လူပေါင်းများစွာတို့ မှီခိုရာဖြစ်သည့် တသွင်သွင် စီးနေသော မြစ်များစွာတို့ စီးဝင် ကပ်ရောက်ကြသကဲ့သို့ -

ဤအတူ ထမင်း, အဖျော်, အ၀တ်ပုဆိုး, အိပ်ရာနေရာ, အိပ်ရာလွှမ်းတို့ကို ပေးလှူတတ်သော ပညာရှိသို့ ကောင်းမူအလျဉ်းတို့သည် စီးဝင်ကပ်ရောက်ကြလေသည်။”

ဆောင် - သင်္ကန်း, ဆွမ်း, ကျောင်း၊ ညောင်စောင်း, ဆေးပစ္စည်း၊ လှူခံပြီးလစ်၊ ရဟန္တာဖြစ်သူ၊ ထိုအလှူ၊ မှတ်ယူ အတိုင်းမသိ အကျိုးရှိ။ (ပုညာဘိသန္ဒ - ကုသိုလ်မြစ်ရေလျဉ်)

ပဉ္စမသုတ် ပြီး၏။

No comments:

Post a Comment