ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 1 February 2011

ပဉ္စမသံဂါယနာတင်ခေတ် မြန်မာ့သာသနာ

ပုဂံခေတ်မှ စတင်ခဲ့သော ထေရ၀ါဒဗုဒ္ဓသာသနာတော်သည် ရတနာပုံ မန္တလေးခေတ်သို့ ရောက်သောအခါ လွန်စွာထွန်းကားနေပြီ ဖြစ်သည်။ သာသနာတော်နှစ် ၂၃၉၆-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၂၁၄-ခုတွင် မင်းတုန်းမင်းကြီး ထီးနန်းစိုးစံတော်မူရသောအခါ သာသနာတော်အတွက် လေးနက်ခိုင်မာ၍ ထာဝရတည်တံ့စေရန် ရည်သန်၍ ပဉ္စမသံဂါယနာ တင်တော်မူ၏။

သာသနာတော်နှစ် ၂၄၀၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၂၂၂-ခုနှစ်၊ တန်ဆောင်မုန်းလမှစ၍ စကျင်ကျောက်တော်ကြီးမှ သလင်း ကျောက်ဖြူပြားတို့၌ ပိဋကတော်ကို ကျောက်ထက်အက္ခရာ တင်စေတော်မူ၏။ ၀ိနည်း ပိဋကအတွက် ကျောက်ချပ်ရေ ၁၁၁-ချပ်၊ အဘိဓမ္မာပိဋကအတွက် ကျောက်ချပ်ရေ ၂၀၈-ချပ်၊ သုတ္တန်ပိဋကအတွက် ကျောက်ချပ်ရေ ၄၁၀-ချပ်၊ စုစုပေါင်း ၇၂၉-ချပ်တို့ အပေါ်၌ ပိဋကသုံးပုံကို အမှားအယွင်းမရှိစေရန် ကြပ်မက်စီစဉ် ထွင်းထုလှူတော်မူ၏။ ၁၂၃၀-ပြည့်နှစ် ကဆုန်လဆန်း ၁၄-ရက်နေ့တွင် အလုံးစုံ ပြီးစီးအောင်မြင်သည်။

ထိုမှနောက်၌ လွတ်လပ်ရေးဆုံးရူံး၍ နယ်ချဲ့လက်အောက် ကျရောက်သွားသောခါ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်သည် များစွာ ယုတ်လျော့ မှေးမှိန်သွားခဲ့သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အထက်တန်း) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment