ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 20 February 2011

၉။ စင်္ကမသုတ်


ရဟန်းတို့ ! စင်္ကြံလျှောက်ရာ၌ အကျိုးအာနိသင် တို့သည် ဤ ၅-မျိုးတည်း။

ယင်း ၅-မျိုးမှာ -

၁။ ခရီးရှည်သွားနိုင်ခြင်း၊

၂။ ကြိုးစားအားထုတ်နိုင်ခြင်း၊

၃။ အနာရောဂါကင်းခြင်း၊

၎။ စား, သောက်, ခဲ, လျက်အပ်သော အစာအာဟာရများ ကောင်းစွာ ကြေညက်နိုင်ခြင်း၊

၅။ စင်္ကြံလျှောက်၍ရသော သမာဓိ၏ ကြာမြင့်စွာ တည်တံ့နိုင်ခြင်းတို့ ဖြစ်သည်။


ဆောင် - ခရီးသွားနိုင်၊ ကြိုးစားနိုင်နင့်၊ ကင်းနိုင် ရောဂါ၊ အစာကြေဘိ၊ သမာဓိ တည်၊ ဤငါးလီ၊ ရသည် စင်္ကြံ လျှောက်ရကျိုး။

န၀မသုတ် ပြီး၏။

No comments:

Post a Comment