ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 28 February 2011

၃။ ဣဋ္ဌသုတ်



ဘုရားရှင်ထံ သွားရောက်ဖူးမြော်လျက် သင့်တင့်သော နေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးကို ဘုရားရှင်က ဤသို့ မိန့်တော်မူသည်-



“ဒါယကာ ! လိုလား, နှစ်သက်, မြတ်နိုးအပ်သည်ဖြစ်၍ လောက၌ ရခဲသော အရာ ၅-မျိုးဟူသည်မှာ -



၁။ အသက်ရှည်ခြင်း၊



၂။ အဆင်းလှခြင်း၊



၃။ ချမ်းသာခြင်း၊



၎။ အခြွေအရံများခြင်း၊



၅။ နတ်စည်းစိမ်တို့ ဖြစ်သည်။



ဤ ၅-မျိုးကို ပါးစပ်ဖြင့် ဆုတောင်းရုံ, စိတ်ဖြင့် တောင့်တရုံဖြင့် ရနိုင်သည် ဟု ငါမဆို၊ ယင်းသို့ ရနိုင်ပါမူ ဤလောက၌ မည်သူမှာမဆို ယုတ်လျော့သောအရာ ရှိနိုင်တော့မည် မဟုတ်။



အသက်ရှည်ခြင်းသည် ပါးစပ်ဖြင့် ဆုတောင်းရုံ, စိတ်ဖြင့် နှစ်သက် ကျေနပ်နေရုံဖြင် ရထိုက်သောအရာ မဟုတ်၊ အသက်ရှည်လိုလျှင် အသက်ရှည်ကြောင်း ဒါန, သီလ စသော ကောင်းမူအကျင့်ကို ကျင့်ရမည်၊ အသက်ရှည်ကြောင်း အကျင့်ကို ကျင့်မှ ဖြစ်လေရာ ဘ၀မှာ အသက်ရှည်မည်။



ထို့အတူ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ အခြွေအရံများခြင်း၊ နတ်စည်းစိမ်ရခြင်းများ သည်လည်း ပါးစပ်ဖြင့် ဆုတောင်းရုံ, စိတ်ဖြင့် နှစ်သက်ကျေနပ် နေရုံဖြင့် ရထိုက်သော အရာများ မဟုတ်ကြ။



အဆင်းလှလို, ချမ်းသာလို, အခြွေအရံများလို, နတ်စည်းစိမ်ရလိုလျှင် အဆင်းလှကြောင်း, ချမ်းသာကြောင်း, အခြွေအရံများကြောင်း, နတ်စည်းစိမ်ရကြောင်း ဒါန, သီလ စသော ကောင်းမူအကျင့်တို့ကို ကျင့်ရမည်၊ ထိုသို့ကျင့်မှသာ ဖြစ်လေရာ ဘ၀တိုင်းမှာ အဆင်းလှမည်၊ ချမ်းသာမည် အခြွေအရံ များမည်၊ နတ်စည်းစိမ်ရမည်။”



ဤသို့ မိန့်တော်မူပြီး ပါဠိကဗျာ ဂါထာဖြင့် မိန့်တော်မူပြန်သည်မှာ -



“အသက်ရှည်ခြင်း, အဆင်းလှခြင်း, အခြွေအရံများခြင်း, ကျော်စောခြင်း, နတ်ပြည်ရောက်ရခြင်း, အမျိုး မြတ်ခြင်း, အဆင့်ဆင့် မြင့်မြတ်သော မွေ့လျော်ဖွယ်-တို့ကို တောင့်တသော အမျိုးကောင်းသားသည် ကောင်းမူကုသိုလ်တို့၌ မမေ့ မလျော့ရာ။



ကောင်းမူတို့၌ မမေ့မလျော့ခြင်းကို ပညာရှိတို့ ချီးမွမ်းကုန်သည် မမေ့မလျော့သူ ပစ္စုပ္ပန်, တမလွန် အကျိုး ၂-ပါးကို ရနိုင်သည်။



ယင်း အကျိုး ၂-ပါးကို ရအောင် စွမ်းဆောင်နိုင်သော ပညာရှိကို “ပဏ္ဍိတ” ဟု ဆိုရမည်။”



ဆောင်

- လိုလား နှစ်သက်၊ မြတ်နိုးအပ်ပေ၊ သက်ရှည်, ဆင်းလှ၊ သုခ, ခြံရံ၊ နတ်ဖြစ်ရန်၊ အမှန် ရခဲသည်။



ထိုသည့်အကြောင်း၊ ဆုတောင်း နူတ်က၊ စိတ် တောင့်တရုံ၊ မပြည့်စုံ၊ မှတ်တုံ သိရမည်။



သက်ရှည်, ဆင်းလှ၊ သုခ, ခြံရံ၊ နတ်ဖြစ်ရန်က၊ ပြုလုပ်မှ၊ မုချ ရနိုင်မည်။




တတိယသုတ် ပြီး၏။

No comments:

Post a Comment