ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday 17 February 2011

၃။ ဒုက္ခသုတ်


ခုလည်း ဆင်းရဲ,နောင် ငရဲ

ရဟန်းတို့ ! ၁။ သဒ္ဓါ, ၂။ ဟိရီ, ၃။သြတ္တပ္ပ, ၄။ ၀ီရိယ, ၅။ ပညာ။

ဤတရား ငါးမျိုး မရှိသော (ချို့ယွင်း ကင်းကွာသော) ရဟန်းသည် ယခုဘ၀၌ပင် ငြိုငြင်,ပင်ပန်းစွာ,ပူပန်လျက် နေထိုင်ရသည်၊ ခန္ဓာပျက်ကြွေ သေဆုံးပြီးနောက် ဒုဂ္ဂတိဘ၀သို့ ဧကန် ရောက်ရသည်။ (ဒုဂ္ဂတိ - မကောင်းသော လားရာ)

ခုလည်း ချမ်းသာ, နောင် နတ်ရွာ

အဆိုပါ တရား ၅-မျိုးရှိသော(ပြည့်စုံသော လက်ကိုင်ထားသော) ရဟန်းသည် ယခုဘ၀၌ပင် မငြိုမငြင်, မပင်မပန်, မပူပန်ရဘဲ ချမ်းချမ်းသာသာ နေထိုင်ရသည်၊ ခန္ဓာပျက်ကြွေ သေဆုံးပြီးနောက် သုဂတိဘ၀သို့ ဧကန် ရောက်ရသည်။ (သုဂတိ - ကောင်းသောလားရာ)

ဆောင် - ဗလ ငါးတန်၊ ချွတ်ယွင်းပြန်မူ၊ ခုမူ ဆင်းရဲ၊ နောက်မှာလဲ၊ ငရဲရောက်မည်သိ။

ဗလ ငါးတန်၊ ပြည့်စုံပြန်မူ၊ ခုမူ ချမ်းသာ၊ နောင်အခါ၊ ရောက်မှာ သုဂတိ။


မှတ်ချက် - ဤသုတ် မြန်မာပြန်ရာ၌ အဿဒ္ဓေါ - စသည်ကို သဒ္ဓါမရှိသော ရဟန်းစသည်ဖြင့် အသီးသီး ပြန်ရမည်ဖြစ်လျက် “သဒ္ဓါ, ဟိရီ, သြတ္တပ္ပ, ၀ီရိယ, ပညာ မရှိသော ရဟန်း” ဟု နားလည်လွယ်အောင် ပေါင်းပြန်သည်။

တတိယသုတ် ပြီး၏။

No comments:

Post a Comment