ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday 18 February 2011

၇။ ပထမ ဟိတသုတ်


ရဟန်းတို့ ! ဆိုလတံ့သော တရား ၅-မျိုးနှင့် ပြည့်စုံသော ရဟန်းသည် မိမိအစီးအပွားအလို့ငှါသာ ကျင့်သည်၊ သူတပါးအစီးအပွားအလို့ငှါ မကျင့်။

ယင်း ၅-မျိုးမှာ - ဤသာသနာတော်၌ ရဟန်းသည် -

၁။ မိမိကား သီလနှင့် ပြည့်စုံသည်၊
သူတပါးကိုမူ သီလနှင့် ပြည့်စုံစေရန် မဆောက်တည်စေ။

၂။ မိမိကား သမာဓိနှင့် ပြည့်စုံသည်၊
သူတပါးကိုမူ သမာဓိနှင့် ပြည့်စုံစေရန် မဆောက်တည်စေ။

၃။ မိမိကား ပညာနှင့် ပြည့်စုံသည်၊
သူတပါးကိုမူ ပညာနှင့် ပြည့်စုံစေရန် မဆောက်တည်စေ။

၎။ မိမိကား ၀ိမုတ္တိနှင့် ပြည့်စုံသည်။(၀ိမုတ္တိ - ကိလေသာမှ လွတ်မြောက်ခြင်း)
သူတပါးကိုမူ ၀ိမုတ္တိနှင့် ပြည့်စုံစေရန် မဆောက်တည်စေ။

၅။ မိမိကား ပစ္စဝေက္ခဏာဉာဏ်အမြင်နှင့် ပြည့်စုံသည်၊
သူတပါးကိုမူ ထိုဉာဏ်အမြင်နှင့် ပြည့်စုံစေရန် မဆောက်တည်စေ။

(ပစ္စဝေက္ခဏာ - ကိလေသာမှ လွတ်မြောက်မူကို ဆင်ခြင်တတ်သော)

ဆောင် - သီလ, သမာ၊ ပညာ, ၀ိမုတ္တိ၊ ၀ိမုတ္တိဉာ၊ ဤငါးဖြာမှာ၊ မိမိသာ ကျင့်၊ တစ်ဆင့် သူတပါး၊ မခိုင်းငြားမူ၊ ထိုသည့်သူ၊ စွဲယူ ကိုယ်ကျိုးသာ ကျင့်၊ မကျင့် သူကျိုးမှတ်။

မှတ်ချက် - ဤသုတ်၌ သီလ၀န္တ အပ္ပဿုတ (ကိုယ်က သီလရှိပြီး သူများအတွက် ဖြန့်ဝေနိုင်လောက်သည့် သုတမရှိသူ) ကို ရည်ရွယ်၍ ဟောသည်။

သတ္တမသုတ် ပြီး၏။

No comments:

Post a Comment