ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 22 February 2011

၁၀။ မဟာသာလပုတ္တသုတ်


ရဟန်းတို့ ! ဟိမ၀န္တာ တောင်မင်းကို မှီ၍ သစ်ပင်ကြီးတို့သည် ကြီးပွါးခြင်း ၅-မျိုးဖြင့် ကြီးပွါးကြသည်။

ယင်း ၅-မျိုးမှာ -

၁။ အကိုင်း, အခက်, အရွက်

၂။ အခေါက်၊

၃။ အပွေး၊

၎။ အကာ၊

၅။ အနှစ် တို့ဖြစ်သည်။

ဤအတူသာလျှင် သဒ္ဓါတရားရှိသူ အမျိုးကောင်းသားကို မှီ၍ အိမ်တွင်နေ လူအပေါင်းသည် ကြီးပွါးခြင်း ၅-မျိုးဖြင့် ကြီးပွါးသည်။

ယင်း ၅-မျိုးမှာ -

၁။ သဒ္ဓါ၊

၂။ သီလ၊

၃။ သုတ၊

၎။ စာဂ၊

၅။ ပညာ တို့ဖြစ်သည်။

(သုတ-အကြားအမြင်၊ စာဂ-စွန့်ကြဲခြင်း)

ဤသို့ မိန့်တော်မူပြီး ပါဠိကဗျာ ဂါထာဖြင့် မိန့်တော်မူပြန်သည်မှာ -

“တောအုပ်ကြီး၌ ရှိသည့် ကျောက်တောင်ကိုအမှီပြု၍ တောစိုး သစ်ပင်ကြီးတို့သည် ကြီးပွါးစည်ပင်ကြသကဲ့သို့ ထို့အတူ သီလနှင့် ပြည့်စုံ၍ သဒ္ဓါတရားရှိသူ အမျိုးကောင်းသားကို မှီ၍ -

သားမယား, မိတ်ဆွေခင်ပွန်း, ဆွေမျိုးအပေါင်း, မှီခို၍ အသက်မွေးသူတို့သည် သီလ-စသည်ဖြင့် ကြီးပွါးကြသည်။

ထိုသီလရှိသူ၏ သီလ, စွန့်ကြဲခြင်း, ကောင်းသော အကျင့်စရိုက်တို့ကို ကောင်းစွာ မြင်ကြရသည်ဖြစ်၍ အတုလိုက် ပြုလုပ်ကြသည်။

ပညာရှိတို့သည် ဤသာသနာတော်၌ သုဂတိရောက်ကြောင်း လမ်းခရီးသဖွယ်ဖြစ်သော တရားကို ကျင့်ကြ၍ နတ်ပြည်၌ ကာမဂုဏ်တို့ကို လိုတိုင်းရလျက် နှစ်သက်ဝမ်းမြောက် ကြရလေသည်။”

ဆောင် - ရွက်, ခွံ, ပွေး, ကာ၊ အနှစ်ပါ၊ ငါးဖြာ သစ်ပင် တိုးပွါးရ။

သဒ္ဓါရှိလတ်၊ ထို သူမြတ်ကြောင့်၊ မှီကပ် အိမ်နေ၊ သူထွေထွေမှာ၊ သဒ္ဓါ, သီလ၊ သုတ, စာဂါ၊ မြတ်ပညာ၊ ငါးဖြာ တိုးပွါးကြ။


ဒသမသုတ် ပြီး၏။

၎-ခုမြောက်သော သုမန၀ဂ် ပြီးပြီ။

No comments:

Post a Comment