ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 12 September 2011

ဒုက္ကစရိယာ ကျင့်တော်မူခြင်း (ရသေ့တစ်ထောင်တို့အား တန်ခိုးဖြင့် ချေချွတ်ခြင်း)

ထိုမှတစ်ဆင့် ရသေ့တစ်ထောင်တို့နေထိုင်ရာ ဥရုဝေလတောအုပ်သို့ ခရီးဒေသစာရီ ဆက်လက် ကြွချီတော်မူ၏။

ထိုရသေ့တို့နေရာရှိ မီးတင်းကုပ်၌နေသော နဂါးမင်းအား တန်ခိုးအမျိုးမျိုးဖြင့် နှိမ်နှင်း၍ ဆုံးမတော်မူပြီး သပိတ်အတွင်း၌ ထည့်သွင်း ပြတော်မူသည်။ သိကြား နတ် ဗြဟ္မာတို့ အကြိမ်ကြိမ်လာ၍ ဘုရားရှင်အား ပူဇော်ကြသည်ကိုလည်း ဥရုဝေလကဿပရသေ့ကြီး တွေ့မြင်ရ၏။

“ဂေါတမသည် တန်ခိုးတော့ ကြီးပါ၏။ ငါကဲ့သို့ ရဟန္တာကား မဖြစ်ရှာသေး” ဟုပင် ထင်နေရာ နောက်ဆုံး ၁၅၀၆-မျိုးသော တန်ခိုးများကို ပြသဆုံးမတော်မူမှ ကြည်ညိုလေးစားပြီး ရသေ့အားလုံး ရဟန်းပြုကြလေသည်။

ထို့နောက် ရဟန်းတော်တစ်ထောင်တို့နှင့်အတူ ဂယာသီသသို့ ကြွတော်မူ၍ တစ်ကမ္ဘာလုံး၊ တစ်လောကလုံး တစ်ကိုယ်လုံး အမြဲမီးလောင်ခံနေရပုံ အာဒိတ္တပရိယာယသုတ္တန်တရားတော်ကို ဟောပြတော်မူရာ အားလုံး ရဟန္တာဖြစ်ကြလေသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment