ဤကား မြတ်စွာဘုရားရှင်၏ ကိုယ်တော်အကျိုးမပါ၊ သတ္တ၀ါများ အကျိုးကိုသာ ၄၅-နှစ်တိုင်တိုင် (မဆိုစလောက်သာ ကျိန်းစက်တော်မူ၏) နေ့စဉ်နှင့်အမျှ လုပ်ငန်းစဉ်ချလျက် ဆောင်ရွက်တော်မူပုံဖြစ်သည်။
အထူးသဖြင့် နံနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ် တစ်လောကလုံးကို ခြုံငုံ ရူကြည့်တော်မူ၍ ချေချွတ်ထိုက်သော ဝေနေယျရှိလျှင် ခရီးယူဇနာမည်မျှ ဝေးကွာစေကာမူ ကြွရောက် ချေချွတ်တော်မူမြဲ ဖြစ်လေသည်။
မြတ်စွာဘုရားရှင်သည် မိမိနှင့် မိမိပတ်ဝန်းကျင်အတွက် ငဲ့ကွက် တွယ်တာသည့် လောဘစသော ကိလေသာတို့ကို အငွေ့အသက်မျှ မကျန်ရအောင် ပယ်သတ်နိုင်စွမ်းသော အရဟတ္တမဂ်ဉာဏ်ကို ရတော်မူသည်မှစ၍ တစ်လောကလုံး၌ အနစ်နာခံနိုင်ဆုံး ဖြစ်တော်မူသည်။
မည်သည့်ပုဂ္ဂိုလ်အား၊ မည်သည့်တရားကို၊ မည်သို့ဟောကြားရမည်ဟု အကြွင်းမရှိ သိမြင်နိုင်စွမ်းသော သဗ္ဗညုတဉာဏ်ကို ရတော်မူသည်မှစ၍ တစ်လောကလုံး၌ သူတပါးအကျိုးကို အဆောင်ရွက်နိုင်ဆုံး ဖြစ်တော်မူသည်။
ထိုဉာဏ်တော်နှစ်ဖြားကို မဟာကရုဏာတော်နှင့် ပေါင်းစပ်လိုက်သောအခါ ပြဆိုခဲ့သည့်အတိုင်း ၄၅-၀ါကာလပတ်လုံး အားချိန် နားချိန်မျှ မထားဘဲ သတ္တ၀ါများ၏ အကျိုးကိုသာ တရစပ် သယ်ပိုးတော်မူလေသည်မှာ အလုပ်ဖြင့် ပြတော်မူခဲ့သော သြ၀ါဒသင်ခန်းစာကြီးပင် ဖြစ်တော့သည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
Tuesday 13 September 2011
အနစ်နာလည်းခံ ဉာဏ်အမြင်လည်းရှိခြင်း
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓ၀င်အကျဉ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment