ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 18 September 2011

ဒွိဟိတ် တိဟိတ် ဥက္ကဠ ကုသိုလ်ကံများ

ကုသိုလ်ကံများကို ပြုလုပ်အားထုတ်ရာ၌ စနစ်တကျ နည်းမှန်လမ်းမှန် ပြုလုပ်နိုင်ရန် လွန်စွာအရေးကြီး သည်။ ဒါန သီလ ဘာဝနာကုသိုလ်ကံ တခုခုကို လုပ်ရာ၌ မပြုလုပ်မီအချိန်(ပုဗ္ဗ)၊ ပြုလုပ်ဆဲအချိန်(မုဉ္စ)၊ ပြုလုပ်ပြီးအချိန်(အပရ) ဟူ၍ အချိန်ကာလ သုံးမျိုးရှိသည်။

ပြုလုပ်ဆဲအချိန်(မုဉ္စကာလ)တွင် ကံ ကံ၏အကျိုးကို ယုံကြည် သိမြင်သော ဉာဏ်(ကမ္မဿကတာဉာဏ်) ရှိရန် အထူးလိုအပ်သည်။ ထိုသို့ ကံ ကံ၏ အကျိုးကို သိမြင်သောဉာဏ်ဖြင့် ပြုလုပ်လျှင် ထိုကုသိုလ်သည် တိဟိတ်ကုသိုလ်ဖြစ်သည်။ ဤဉာဏ်မပါဘဲ မိရိုးဖလာအနေဖြင့် သာမာန်သာ ပြုလုပ်လျှင်ဖြစ်စေ၊ ကလေးသူငယ်များကဲ့သို့ အသိဉာဏ်မပါဘဲ ပြုလုပ်လဆင်ဖြစ်စေ ထိုကုသိုလ်သည် ဒွိဟိတ်ကုသိုလ်ဖြစ်သည်။ (အလောဘ အဒေါသ အမောဟ ဟူသော ကုသိုလ်ဖြစ်ရန် အခြေခံရေသောက်မြစ်ကြီးသုံးခုကို “ဟေတု=ဟိတ်=အကြောင်းရင်းကြီး”ဟု ခေါ်သည်။)


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment