ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 18 September 2011

အယူမှန်မှ ကံကောင်းမည်

ကံတရား၏ သဘောလက္ခဏာကို တိကျမှန်ကန် ပြည့်စုံစွာ သဘောပေါက်ရန် လူတိုင်း လိုအပ်သည်၊ ကုသိုလ်ကံ အကုသိုလ်ကံတို့သည် ပုဗ္ဗ၊ မုဉ္စ၊ အပရ စေတနာ သုံးတန်ပြည့်ဝ အားသန်လျှင် အမှန်ပင် ကြီးမားသော အကျိုးတရားကို ပေးကြစမြဲ ဖြစ်သည်။ သံသရာ ခရီးရှည် တလျှောက် ဒုဂ္ဂတိဘ၀ သုဂတိဘ၀မျိုးစုံတို့ကို ပေးနိုင်လောက်သော အင်အားရှိကြသည်။ မိမိဘ၀ သံသရာခရီးအတွက် ကိုယ်တိုင် ကိုယ့်စိတ်ကြိုက် ပြင်ဆင်ပြုလုပ်၍ ရသော သဘောဖြစ်သည်။ ကံတရားတို့ ဖြစ်ပေါ်ရေးအတွက် ဒိဋ္ဌိဇုကမ္မ ခေါ် အယူဖြောင့်မှန်မူသည် အရေးကြီးလှ၏။ အယူဖြောင့်မှန်သူသည် ကံတရား၏ အကျိုးပေးမူကို သိမြင်နားလည်သဖြင့် မိမိအတွက် သံသရာတလျှောက် ကောင်းကျိုးဝေဖြာ ဘ၀သမ္ပတ္တိပြည့်စုံလာစေရေးအတွက် ကောင်းသော ကာယကံ ၀စီကံ မနောကံ တို့ကိုသာ ပြုလုပ်တော့မည်ဖြစ်သည်။ သို့ဖြစ်၍ ကုသလကမ္မပထတရား၏ စွမ်းအားကြောင့် လူ့ပြည် နတ်ပြည် သာယာသုခ ချမ်းသာသော ဘ၀တို့ကို ရရှိကြမည်မှာ သေချာလှ၏။

အယူလွဲမှား ဖောက်ပြန်သော မိစ္ဆာဒိဋ္ဌိတို့မှာ မူ ကံ၊ ကံ၏အကျိုးကို လက်မခံ မယုံကြည်ကြသဖြင့် အကြံအစည်မှား၊ အပြောအဆိုမှား၊ အလုပ်အကိုင်မှား၊ မှားပြီးရင်း မှားယွင်းကြသည်။ ဒုစရိုက်တရားများ ကိုသာ ပြုလုပ်ကြ၍ အပါယ်ဒုဂ္ဂတိဘုံများသို့ ဥဒဟိုရောက်ကြရသည်။ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့ကြရသည်။ ထို့ကြောင့်လည်း မြတ်စွာဘုရားက “ မိစ္ဆာဒိဋ္ဌိ - အယူလွဲမှားမူသည် အကုသိုလ်တရားတို့တွင် အပြစ်အကြီးဆုံး ဖြစ်သည်” ဟု ဟောတော်မူသည်။ အယူမှားခြင်းသည် အကုသိုလ်ဖြစ်ပွားခြင်း၏ အဓိက အကြောင်းရင်းကြီး ဖြစ်ပေသည်။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment