ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 13 September 2011

သာသနာ့ကျက်သရေဆောင် သာသနာ့ဝန်ဆောင် ၄-ဦး

မာရ်နတ်သည် မြတ်စွာဘုရားရှင်အား ပရိနိဗ္ဗာန်ပြုရန် အကြိမ်ကြိမ် လျှောက်ထားခဲ့၏။ တစ်ချိန်က မြတ်စွာဘုရားရှင်သည် မာရ်နတ်အား -

“ဟယ်မာရ်နတ် ... သာသနာ့ကျက်သရေဆောင် သာသနာ့ ၀န်ဆောင်ဖြစ်ကြသော ငါ၏တပည့်သားရဟန်း၊ ရဟန်းမိန်းမ၊ ဥပါသကာ၊ ဥပါသိကာလေးဦးတို့သည် ငါဘုရားရှင် ဟောကြားတော်မူသော တရားများကို ကိုယ်တိုင်လည်း နားလည်ကျင့်သုံး၍ တပါးသော သူတို့အားလည်း အကျိုးသင့် အကြောင်းသင့် တရားသဖြင့် ဟောကြား ဖြေရှင်း၍ မပေးနိုင်သေးသမျှ ငါဘုရား ပရိနိဗ္ဗာန်ပြုတော်မမူသေး”ဟု မိန့်တော်မူလေသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment