ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 12 September 2011

ရာဇဂြိုလ်ပြည်သို့ ကြွချီတော်မူခြင်း (ဝေဠူဝန်ကျောင်းလှူပွဲကြီး)

ထို့နောက် ဗိမ္ဗိသာရမင်းတရားသည် ဥပါသကာအဖြစ် ခံယူ၍ သံဃာတော် တစ်ထောင်နှင့်အတူ နောက်တစ်နေ့ နံနက်ဆွမ်းကို နန်းတော်သို့ ကြွရောက် ဘုဉ်းပေးပါရန် ပင့်လျှောက်၍ ပြန်သွားသည်။

နောက်တစ်နေ့ နံနက် မင်းနန်းတော်သို့ ဆွမ်းစားကြွတော်မူသောအခါ ဖူးမြော်သူ ပရိသတ်များ များပြားလှသဖြင့် သိကြားမင်း ကိုယ်တိုင် လုလင်ယောင်ဆောင်၍ ဓမ္မဂီတများကို သီကျူးလျက် နိဗ္ဗာန်ဆော်အဖြစ် ရှေ့က ပင့်ဆောင် သွားရလေသည်။

နန်းတော်သို့ ရောက်သောအခါ ဆွမ်းကပ်၍ ဘုရားအမှူးရှိသော သံဃာတော်တို့ သီတင်းသုံးရန် ဝေဠုဝန်ကျောင်းတော်ကို နှင်းအပ်လှူဒါန်းလေသည်။ ဝေဠုဝန်ဥယျာဉ်တော်ကြီးကို ကျောင်းအရံအဖြစ် ရေစက်ချ လှူဒါန်းလိုက်ရာ သာသနာရေသောက်မြစ်ကြီး အမြစ်တွယ်လာသည့်အလား မဟာပထ၀ီမြေကြီးသည် တုန်ခါမြည်ဟည်း ငလျင်ကြီးလူပ်လေသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment