ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 12 September 2011

ရာဇဂြိုလ်ပြည်သို့ ကြွချီတော်မူခြင်း (လူအတန်းအစား နှစ်မျိုး)

ဘုရားရှင်ထံ မသွားမီ မိမိတို့ဆရာ သိဉ္ဖည်းဆရာကြီးထံ သွား၍ ပြောဆို ခေါ်ငင်သော်လည်း လိုက်ပါရန် ငြင်းဆန်၍ နေ၏။ “ဆရာကြီး - လောက၌ ဘုရားစစ် ဘုရားမှန် ပွင့်ပေါ်နေပါပြီ၊ ဘုရားဆိုသည်ကို မျှော်လင့်နေကြသော လူတို့သည် ထိုဘုရားရှင်ထံ သွားရောက် ဖူးမြော်ပူဇော်ကြလိမ့်မည်။ ဆရာကြီး ဘ၀သည် အချည်းအနှီး အနှစ်သာရမရှိ မဖြစ်ပါစေနှင့်” စသည်ဖြင့် သုံးကြိမ်တိုင်တိုင် အမျိုးမျိုးဖျောင်းဖျ ပြောဆိုကြသော်လည်း “အမောင်တို့ - ဆရာကြီးလုပ်ပြီးမှ ငါတပည့်မခံလိုပြီ၊ ရှိပါစေတော့အမောင်တို့၊ လောက၌ လူမိုက်နှင့်ပညာရှိ လူမိုက်သာများသည်မဟုတ်လော၊ ပညာရှိသူများ ပညာရှိသော ဂေါတမထံ သွားကြလိမ့်မည်၊ လူမိုက်များ ငါ့ထံသို့ လာကြလိမ့်မည်”ဟု အဆုံးသတ် ပြောဆို၍ သူ၏ ကျောင်း၌ပင် နေရစ်ခဲ့လေသည်။

ဥပတိဿ ကောလိတတို့ ထွက်ခွာသွားသောအခါ ပရိသတ်ပြိုကွဲ အခြွေအရံနည်း၍ ၀မ်းနည်းကြေကွဲကာ သွေးပွက်ပွက်အန်လျက် ကျန်ရစ်ခဲ့လေသည်။

ဥပတိဿ ကောလိတတို့နောက်သို့ လိုက်ပါသွားသော တပည့် ၅၀၀-တို့တွင်လည်း တပည့် ၂၅၀-သည် သိဉ္ဖည်းဆရာကြီးအား သနားလှသဖြင့် လိုက်ပါမသွားဘဲ လှည့်ပြန် ကျန်ရစ်ခဲ့ကြသည်။

ဥပတိဿနှင့် ကောလိတ ပရိဗိုဇ်တို့သည် မြတ်စွာဘုရားထံ ရဟန်းပြုခွင့် တောင်းပန်ကြသောအခါ “ဧဟိ ဘိက္ခု” ရဟန်းများဖြစ်လာကြသည်။ ကောလိတ ပရိဗိုဇ် ၇-ရက်၊ ဥပတိဿပရိဗိုဇ် ၁၅-ရက်ကြာမှ ရဟန္တာဖြစ်တော်မူကြသည်။ ဥပတိဿသည် ပညာအရာ ဧတဒဂ်ဘွဲ့ခံမည့် ပရိဗိုဇ်ကား တန်ခိုး ဣဒ္ဓိအရာ ဧတဒဂ်ဘွဲ့ခံမည့် အရှင်မဟာမောဂ္ဂလ္လာန် ရဟန္တာအရှင်မြတ်ကြီး ဖြစ်လာသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment