ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 18 September 2011

အတိတ်ပစ္စုပ္ပန် ကံနှစ်တန်

ဗုဒ္ဓဘာသာဝင်တို့သည် ကံ ကံ၏ အကျိုးကို ယုံကြည်ကြသည်။ ကံဆိုရာ၌ အတိတ်ကံ ပစ္စုပ္ပန်ကံ နှစ်မျိုးစလုံး ပါဝင်သည်။ အတိတ်ကံကြောင့် ရခဲသော လူ့ဘ၀ကို ရခဲ့ကြသည်။ ရုပ်ရေ အင်္ဂါ လက္ခဏာတို့ ပြည့်စုံရသည်။ အကယ်၍ အတိတ်ကံသည် မကောင်းခဲ့ပါမူ လူ့ဘ၀ကောင်းကို ရလာကြမည်မဟုတ်ပေ။ ငရဲဘ၀၊ တိရစ္ဆာန်ဘ၀ စသည်တို့ကို ရကြပေမည်။ အတိတ်ကံကြောင့် သုဂတိဝ လူ ဖြစ်လာကြရသည်။

လူ့ဘ၀တလျှောက် ကြီးပွားတိုးတက်ရန်မှာမူ ပစ္စုပ္ပန်ခေါ်သော ကံ ဉာဏ် ၀ီရိယတို့ကို အသုံးပြုရပေမည်။ ကံ ဉာဏ် ၀ီရိယမပါဘဲ တိုးတက်မည် မဟုတ်ပေ။ အတိတ်ကံကိုသာ အားကိုးပြီး ပစ္စုပန်ကံ ဉာဏ် ၀ီရိယတို့ကို လွှာ၍ မသုံးပါမူ အောင်မြင်မူ မရနိုင်ပေ။ ကံယုံ၍ ဆူးပုံနင်းပါမူ ဆူးစူးပေလိမ့်မည်။ ကံယုံ၍ မီးပုံထဲ ခုန်ဆင်းပါမူ မီးလောင်ပေလိမ့်မည်။ ကျားရဲရာ ကြမ္မာမယိုးသာဟု သတိပေးခဲ့ကြသည်။

လူဘုံသည် အပါယ်လေးဘုံ နတ်ဘုံတို့ကဲ့သို့ ကံကျိုးသက်သက်ကိုသာ ခံရ၊ စံရသော ဘုံမဟုတ်ပေ။ ကံ ဉာဏ် ၀ီရိယ မျှတညီညွှတ်စွာ ကြိုးပမ်းအားထုတ်ရသော ဘုံ ဖြစ်သည်။ ပစ္စုပ္ပန်ကံဟူသည်မှာ ယခုကာလတွင် ဉာဏ်ပညာဖြင့် ချိန်ဆတွေးခေါ်မြှော်မြင်၍ ၀ီရိယဖြင့် ကြိုးစားမူမှန်သမျှပင် ဖြစ်သည်။

အတိတ်ကံကောင်း ထောက်မသော်လည်း သမ္ပတ္တိစက်ခေါ် အချိန်အခါကောင်း အခွင့်ကောင်းတို့နှင့် တွေ့ကြုံရန်လည်း လိုအပ်သေးသည်။ ဂတိသမ္ပတ္တိမှာမူ သုဂတိဘ၀ လူအဖြစ်ကို ရကြပြီး ဖြစ်၍ ပြည့်စုံနေပါသည်။

ကာလသမ္ပတ္တိခေါ် လုပ်ငန်းလုပ်ဆောင်ရန်အတွက် အဆင်ပြေသော အချိန်ဖြစ်ရမည်။ ဥပဓိသမ္ပတ္တိခေါ် ရုပ်ရေလက္ခဏာကျန်းမာရေး ဥပဓိနှင့် ပြည့်စုံရန်လည်း လိုအပ်သည်။ ထိုသို့ သမ္ပတ္တိသုံးပါးတို့နှင့် ပြည့်စုံနေသော်လည်း ပယောဂသမ္ပတ္တိခေါ် ကြိုးစားအားထုတ်မူရှိရန် လိုအပ်သေးသည်။ ကံကိုသာ အားကိုးနေပြီး ဉာဏ်ဝီရိယတို့ဖြင့် ကြိုးစားမူ (ပယောသမ္ပတ္တိ) မရှိပါမူ အောင်မြင်မူကို မရနိုင်ပေ။

သို့ဖြစ်၍ ယခုဘ၀တွင် ဉာဏ်ဝီရိယကြိုးစားအားထုတ်မူများကို ပစ္စုပ္ပန်ကံဟု ခေါ်သည်။ အမှန်တကယ် ကြီးပွားအောင်မြင်ရန်မှာမူ အတိတ်ကံတရားသည် အရင်းခံ ဖြစ်သည်။ အတိတ်ကံတရားမပါကလည်း “ကံမရှိ ဉာဏ်ရှိတိုင်း မွဲ” တတ်ပြန်သည်။ တခါတရံ ၀ီရိယအကျိုးမျှကိုသာ ခံစားရတတ်သည်လည်း ရှိသည်။ ရခဲသည့်လူဘ၀ကို ရလာကြီပြီဖြစ်သဖြင့် ကံကောင်းနေသူများပီပီ ဉာဏ် ၀ီရိယ ပယောဂအားထုတ်မူကို အစဉ်ကြိုးစား နေရပေမည်။ ထို့ကြောင့်ပင် -

“ကံဟုမူလ သမ္ဗုဒ္ဓတို့ ဟောပြသည်မှာ အရင်းသာရှင့်၊ ဥစ္စာဘောဂ ဇီဝိတနှင့် သုခပွားရန် ဤလူ့ထံ၌ ဉာဏ် ၀ီရိယ ပယောဂတည့်” ဟူ၍ - မန်လည်ဆရာတော်ဘုရားကြီးက ကံသဘောကို ရှင်းလင်း ဖွင့်ဆိုထားခဲ့ပေသည်။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment