ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 20 September 2011

သုစရိုက် (၁၀)ပါး

ကောင်းသော ကိုယ်မူ၊ နူတ်မူ၊ စိတ်မူတိုပကို သုစရိုက် ဟုခေါ်သည်။
(သု = ကောင်းသော၊ စရိတ = ကျင့်ကြံပြုလုပ်ခြင်း)

သုစရိုက် ကာယကံသုံးပါး
(၁) ပါဏာတိပါတ ၀ိရတီ = သူကအသက်သတ်မူမှ ရှောင်ကြဉ်ခြင်း။
(၂) အိဒိန္နာဒါန ၀ိရတီ = ပိုင်ရှင်သည် ကိုယ်နူတ်တို့ဖြင့် မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်း၊ မတရားယူခြင်းမှ ရှောင်ကြဉ်ခြင်း။
(၃) ကာမေသုမိစ္ဆာစာရ ၀ိရတီ = ကာမဂုဏ်တို့၌ မှားယွင်းစွာ ရှောင်ကြဉ်ခြင်း။

သုစရိုက် ၀စီကံလေးပါး
(၁) မုသာဝါဒ ၀ိရတီ = မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။
(၂) ပိသုဏ၀ါစာ ၀ိရတီ = ကုန်းတိုက်စကားပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။
(၃) ဖရုသ၀ါစာ ၀ိရတီ = ဆဲရေးတိုင်းထွာခြင်း စသော ကြမ်းတမ်းသော စကားပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။
(၄) သမ္ဖပ္ပလာပ ၀ိရတီ = အကျိုးမရှိ အနှစ်မဲ့သော စကားကို ပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း။

သုစရိုက် မနောကံသုံးပါး
(၁) အနဘိဇ္ဈာ = အဘိဇ္ဈာကို မပြုခြင်း။
(၂) အဗျာပါဒ= ဗျာပါဒကို မပြုခြင်း။
(၃) သမ္မာဒိဋ္ဌိ = ကောင်းသောအယူကို ယူခြင်း။

ဤဆယ်ပါးကို လူ့ပြည် နတ်ပြည်သို့ ရောက်စေတတ်သော လမ်းခရီးကောင်းဖြစ်သောကြောင့် “ကုသလကမ္မပထ”ဟု ခေါ်သည်။

ဆောင်ပုဒ်။ ။
ကာ၊ ဒု သုံးပါး၊ ကြဉ်ရှောင်ငြား၊ သုံးပါးကာယကံ။
နူတ်၊ ဒု လေးပါး၊ ကြဉ်ရှောင်ငြား၊ လေးပါးဝစီကံ။
အနဘိဇ္ဈာ၊ အဗျာပါဒနှင့်၊ သမ္မာဒိဋ္ဌိ၊ ဖြောင့်မှန်သိ၊ တြိမနောကံ။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment