ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday 14 September 2011

မြတ်စွာဘုရားရှင်၏ နောက်ဆုံးနှစ် နောက်ဆုံးခရီး

ဝေသာလီမှတစ်ဆင့် ဝေဠုဝရွာငယ်သို့ ကြွတော်မူရာ ၀ါဆိုချိန်နီးကပ်လာသဖြင့် အလုပ်အကျွေးဖြစ်သူ အရှင်အာနန္ဒာ တစ်ပါးတည်းကိုသာ ချန်ထား၍ ရဟန်းများအားလုံးကို ဝေသာလီပြည်သို့ သွားရောက် သီတင်းသုံး ၀ါကပ်ရန် စေလွှတ်တော်မူသည်။

အရှင်အာနန္ဒာကား ဘုရားနှင့် ကြွရောက်လိုက်ပါ၍ အလုပ်အကျွေး ပြုရသူဖြစ်သည်။ ဘုရားရှင် ဟောသမျှကိုလည်း တစ်လုံး တစ်ပါဒမျှ မမေ့ပျောက်အောင် မှတ်သားထားနိုင်သော ထူးခြား လွန်ကဲသည့် သတိ ပညာ ၀ီရိယ ထက်မြက်သူလည်း ဖြစ်သည်။ ထိုအချိန်က အရှင်အာနန္ဒာသည် သောတာပန်မျှသာ ရှိသေးသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment