မြတ်စွာဘုရား၏ သရီရဓာတ်တော်များကို ကောက်ယူ၍ ၇-ရက်တိုင်တိုင် ပူဇော်ပွဲကြီးကျင်းပကြစဉ် ရာဇဂြိုဟ်၊ ဝေသာလီ၊ ကပိလ၀တ်စသော (၇)ပြည်ထောင်မင်းများသည် စစ်အင်္ဂါလေးပါး ခင်းကျင်း၍ ဓာတ်တော်မွေတော်များကို မရ-ရသည်နည်းဖြင့် ယူမည်ဟု ချီတက်လာကြသည်။ မင်းဆရာဖြစ်သော ဒေါဏပုဏ္ဏားကြီး၏ ဖျောင်းဖျမူဖြင့် မလ္လာမင်းများနှင့်တကွ ရှစ်ပြည်ထောင်မင်းများ အညီအမျှ ခွဲယူကြကာ မီမီတို့နေပြည်တော်၌ စေတီတည်၍ အသီးသီး ပူဇော်ထားကြလေသည်။
အရှင်မဟာကဿပ ဦးစီးသော ပထမသံဂါယနာတင် မထေရ်ကြီးတုံ့၏ ဆန္ဒအရ အဇာတသတ်မင်းကြီးသည် ဓာတ်တော် မွေတော်များ အားလုံးစုရုံး ပင့်ဆောင်ပြီးလျှင် ရာဇဂြိုဟ်ပြည်၌သာ လုံခြုံစွာ ထိန်းသိမ်း စောင့်ရှောက်၍ ပူဇော်ထားရှိလေသည်။
သာသနာတော်နှစ် ၂၃၅-ခုနှစ်သို့ရောက်၍ တတိယသံဂါယနာတင်သောအခါ အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်ကြီး၏ ညွှန်ကြားချက် အရ သီရိဓမ္မာသောက မင်းတရားကြီးသည် သာသနာတော် ပြန့်ပွားသည်ထက် ပြန့်ပွားစေရန် မြတ်စွာဘုရားဓာတ်တော်များကို ရာဇဂြိုဟ်ပြည်မှ ပင့်ဆောင်၍ (၈၄၀၀၀)သော မြို့ရွာတို့၌ (၈၄၀၀၀)သော စေတီများတည်ကာ နေရာဒေသအနှံ့ ဖြန့်ချိ ကိုးကွယ် စေလေသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

Friday, 16 September 2011
ကမ္ဘာအရပ်ရပ်သို့ ဓာတ်တော်များ ကြွတော်မူခြင်း
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓ၀င်အကျဉ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment