ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 12 September 2011

ရာဇဂြိုလ်ပြည်သို့ ကြွချီတော်မူခြင်း (ဥပတိဿ၊ ကောလိတတို့နှင့် သိဉ္ဖည်းဆရာကြီး)

မြတ်စွာဘုရားရှင် ရာဇဂြိုလ်ပြည်သို့ ကြွတော်မူသောအခါ တိတ္ထိဆရာကြီး ၆-ဦးတွင် တစ်ဦးအပါအ၀င်ဖြစ်သော သိဉ္ဖည်းဆရာကြီး (သဉ္စယဗေလဋ္ဌပုတ္တ)သည် ဘုရားအမည်ခံကား တပည့်ပရိသတ်အများ ခြံရံလျက် ရာဇဂြိုဟ်၌ ရှိနေနှင့်၏။ ထိုဆရာကြီးထံ၌ ဥပတိဿနှင့် ကောလိတ အမည်ရှိသော ပရိဗိုဇ်နှစ်ဦးသည် နောက်လိုက် တပည့်ပရိသတ် ၅၀၀တို့နှင့်အတူ ပရိဗိုဇ်ရဟန်းပြု၍ နေကြလေသည်။ ဥပတိဿနှင့် ကောလိတတို့ကား ပုဏ္ဏားသူဌေးသားများ ဖြစ်ကြ၍ ပရိဗိုဇ်မ၀တ်မီ နောက်လိုက် နောက်ပါများနှင့်အတူ တောင်ထိပ်သဘင်ပွဲသို့ သွားကြရာမှ သံဝေဂ ဖြစ်ကာ ပရိဗိုဇ်ဝတ်လာသူများ ဖြစ်သည်။

သိဉ္ဖည်းဆရာကြီးထံသို့ ရောက်သောအခါ ၂-ရက်၊ ၃-ရက် အတွင်းမှာပင် သိဉ္ဖည်းဆရာကြီး၏ တရားသည် ၀ဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းမဟုတ်၊ အနှစ်သာရရှိသော လမ်းစဉ်မဟုတ်သည်ကို ကောင်းစွာ သဘောပေါက်သွားကြသဖြင့် အမြိုက်တရားကို လှည့်လည်ရှာဖွေရန် ဆုံးဖြတ်ကြသည်။ အမြိုက်တရားကို အလျင်တွေ့သူက မိမိသူငယ်ချင်းအား ပြန်လည် ပြောပြရန်လည်း ကတိထားကြလေသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment