ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday 18 September 2011

ပဋိသန္ဓေ(သတ္တ၀ါဖြစ်ပေါ်လာပုံ) လေးမျိုး

ပဋိသန္ဓေသည် သံသေဒဇ၊ အဏ္ဍဇ၊ ဇလာဗုဇ၊ သြပပါတိက ဟူ၍ သတ္တ၀ါအလိုက် ကွဲပြားသည်။


စိုစွတ်သောနေရာ၊ ရေစပ် အညှီအဟောက် နေရာများ၌ စတင်ဖြစ်ပေါ်သော သတ္တ၀ါများ၏ ပဋိသန္ဓေသည် သံသေဒဇ ဖြစ်၏။ ပိုးမွှားကောင်များ၊ ပဒုမ၀တီမိဖုရားစသော အချို့သော လူသားများ ဖြစ်ကြသည်။

ဥဖြင့် သန္ဓေတည် မွေးဖွားသော သတ္တ၀ါသည် အဏ္ဍဇ ဖြစ်၏။ ငှက်များ၊ ငါးများ စသည်တို့ ဖြစ်ကြသည်။


သားအိမ်၌ သန္ဓေတည် မွေးဖွားသော သတ္တ၀ါသည် ဇလာဗုဇ မည်၏။ လူ၊ ခွေး၊ နွား စသည်တို့ ဖြစ်ကြသည်။


ဘ၀ဟောင်းမှ စုတေ၍ ဘ၀သစ်တွင် အရွယ်ရောက်ပြီးသော ကိုယ်ခန္ဓာဖြင့် ရုတ်တရက် ဖြစ်ပေါ်လာသော သတ္တ၀ါသည် သြပပါတိက(ဥပပတ်ပဋိသန္ဓေ) ဖြစ်၏။ နတ်၊ ဗြဟ္မာ၊ ငရဲသား စသည်တို့ ဖြစ်ကြသည်။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment