ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday 12 September 2011

ရာဇဂြိုလ်ပြည်သို့ ကြွချီတော်မူခြင်း (ပထမဆုံး သံဃာအစည်းအဝေးကြီး)

ထိုအချိန်ကား ဝေဠုဝန်ကျောင်းတော်၌ တန်ခိုး အဘိညာဉ်နှင့် ပြည့်စုံသော ဧဟိ ဘိက္ခု ရဟန်းသံဃာ ရဟန္တာပေါင်း ၁၂၅၀-ပါးတို့ စုံညီစုဝေးမိသော တပို့တွဲလပြည့်နေ့ဖြစ်ရာ ပထမဆုံးသော သာဝက အစည်းအဝေးကြီး (ပထမသာဝကသန္နိပါတ) ဖြစ်လေသည်။ ထိုအစည်းအဝေးကြီး၌ အရှင်သာရိပုတ္တရာအား လက်ယာတော်ရံ အဂ္ဂသာဝကရာထူး၊ အရှင်မာမောဂ္ဂလ္လာန်အား လက်ဝဲတော်ရံ အဂ္ဂသာဝကရာထူးကို အသီးသီး ပေးသနားချီးမြှင့်တော်မူလေသည်။ မြတ်စွာဘုရားရှင်သည် ရှေးဘုရားရှင်တို့၏ အစဉ်အလာအရ သံဃာ့ပရိသတ်အလယ်၌ “ခန္တီ ပရမံ တပေါ တိတိက္ခာ ... သဗ္ဗပါပဿ အကရဏံ ... ” စသော သုံးဂါထာကို မြွက်ဆိုတော်မူ၍ သြ၀ါဒ ပါတိမောက်ပြ (ဟောကြား ဆုံးမ) တော်မူလေသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment