ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday 13 September 2011

ဘုရားရှင်၏ ပရိနိဗ္ဗာန်အကြိုခရီး

ဗုဒ္ဓ၀င်အကျဉ်းမြတ်စွာဘုရားသည် ပါရမီဖြည့်ကျင့်တော်မူသည်မှစ၍ ပရိနိဗ္ဗာန်ပြုတော်မူရသည့်ကာလတိုင်အောင် ၄၅-၀ါကာလပတ်လုံး မည်သည့်အချိန်က၊ မည်သည့်မြို့ရွာဒေသ၌ သီတင်းသုံး၍ မည်သူမည်ဝါတို့အား မည်သည့်တရားကို ဟောကြားကြောင်း နေရာ၊ ဒေသ၊ ဟောပြသောတရား၊ ဖြစ်ပွားသော အကြောင်းအရာ၊ ၄၅-နှစ်တာပတ်လုံး တွေ့ကြုံဆုံဆည်းရသူများ အကြောင်း အသေးစိတ် သမိုင်းမှတ်တမ်း တင်ထားလျက်ရှိသည်မှာ ဗုဒ္ဓနှင့် ဗုဒ္ဓသာသနာတော်၏ ထူးခြားသော ၀ိသေသလက္ခဏာကြီး ဖြစ်ပေသည်။

ဘုရားရှင်သည် ၄၄-၀ါမြောက် ၀ါကို ၀ိသာခါ ကျောင်းအမကြီး ဆောက်လှူသော သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း၌ သီတင်းသုံးတော်မူပြီးနောက် နောက်ပါရဟန်းများနှင့် အတူ မဂဓတိုင်း ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူသည်။ ရာဇဂြိုဟ်ပြည်၌ ကျောင်းတိုက်ကြီး ၁၈-တိုက်ရှိရာတွင် ဂိဇ္ဈကုဋ်တောင်ကျောင်း၌ ကိန်းအောင်း စံနေတော်မူလေသည်။

ထိုစဉ်အခါ အဇာတသတ်မင်းသည် ဝေသာလီ၊ ၀ဇ္ဖီမင်းများကို တိုက်ခိုက်ရန်အတွက် ဝေဿကာရပုဏ္ဏားကြီးအား ဥပါယ်တံမျဉ်းဖြင့် ဘုရားရှင်ထံ စေလွှတ်၍ ဘုရားရှင်၏ ဆန္ဒတော်ကို ရယူရန် စီမံလေသည်။

စစ်တိုက်ရာ၌ လက်နက်ဖြင့် အကြမ်းဖက်၍ သွေးထွက်သံယိုမရှိစေဘဲ ပညာရှိများ၏ အကြံဉာဏ်ယူကာ ငြိမ်းချမ်းစွာ အောင်ပွဲခံနိုင်ရန် ရည်ရွယ်၍ စေလွှတ်ခြင်းဖြစ်သည်။ ထိုအကြောင်းကို မြတ်စွာဘုရား သိတော်မူ၍ “မင်းလုပ်သူတို့၏ ကြီးပွားကြောင်းတရားများ၊ ရဟန်းတို့၏ ကြီးပွားကြောင်းတရားများ” ကိုသာ ဟောပြတော်မူလိုက်လေသည်။

အထူးသဖြင့် ရဟန်းတော်များအား ဟောကြားရာ၌ သီလ သမာဓိ ပညာ “သိက္ခာသုံးပါး”ကို တစ်ပါးနှင့်တစ်ပါး အမှီသဟဲပြုကာ ခိုင်မာ ရင့်ကျက်အောင် ထူထောင်ကြရမည်၊ ထိုသို့ ထူထောင်မှသာ သံသရာဝဋ်ဒုက္ခမှ လျင်စွာ လွတ်မြောက်ကြမည်ဟု ကြိမ်ဖန်များစွာ အထူး ဟောကြားတော်မူသည်။ အကြောင်းကား ပရိနိဗ္ဗာန်ပြုတော်မူရန် နီးကပ်လာပြီ ဖြစ်သောကြောင့်တည်း။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment